ပရိသတ်တွေကြားမှာ အရမ်းကို ဂယက်ထနေတဲ့ The Model Academy ရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အစီအစဥ်ကောင်းတစ်ခုဖြစ်သလို အနုပညာပိုးရှိတဲ့ မော်ဒယ်ဖြစ်ချင်တဲ့ လူငယ်တွေအတွက်လဲ တစ်ကယ့်ကို အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ သန္တာလှိုင်ဦးဆောင်တဲ့ The Model Academy အစီအစဥ်ဘဲဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ ယခုဆိုရင် season (3)အထိရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Season (3) အထိရောက်ရှိလာတဲ့အလျှောက် ပရိသတ်ရဲ့အားပေးမှုကလဲ တစ်ခဲနက်များပြားလာခဲ့ပါတယ်။ အောက်တိုဘာလ (20)ရက်နေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့အပိုင်းမှာတော့ ပရိသတ်တွေကြားမှာ အတော်လေး ဂယက်ထသွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ဖော်ထုတ်တဲ့နေရာမှာ မိန်းကလေးဘက်ကဝန်ခံခဲ့ပေမယ့် ယောကျာ်းလေးဘက်က အဆုံးထိ ညာနေခဲ့တာကြောင့် တာဝန်ယူမှုကင်းမဲ့တဲ့ အမျိုးသားလို့သတ်မှတ်ကာ ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဒီပြိုင်ပွဲဝင်နှစ်ဦးရဲ့ ဇာတ်လမ်းကို ဖော်ထုတ်နေချိန်မှာလဲ ဒိုင်တွေဖြစ်တဲ့ သန္တာလှိုင်နဲ့ ဇင်အောင်တို့ နှစ်ဦးဟာ စကားအခြေအတင် ပြောခဲ့ရသလိုဖြစ်ပြီး စကားများမလိုတောင်ဖြစ်ခဲ့ကြပါတယ်။

ဒီလူမှုရေးပြဿနာလို့ ထင်ရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အရှုပ်အထွေးကို တစ်နိုင်ငံလုံးက ကြည့်ရှု့သူပရိသတ်တွေအရှေ့မှာ ဖော်ထုတ်လိုက်တာက ပြိုက်ပွဲဝင်နှစ်ဦးလုံးကို အရှက်ရစေတယ်လို့ဝေဖန်သူတွေရှိသလို ပြိုင်ပွဲရဲ့ စည်းကမ်းအတိုင်း နောက်လူတွေ လိုက်ပါမလုပ်ဆောင်နိုင်အောင် ခုလို ပညာပေးတဲ့ လုပ်ဆောင်ချက်က ကောင်းတယ်လို့ ဆိုကာ ချီးကျူးတဲ့သူတွေလဲ ရှိနေခဲ့ပါတယ်။

ဒီလိုပရိသတ်တွေကြားဂယက်ထခဲ့တဲ့ ဗီဒီယိုဖိုင်ကို မကြည့်ရှု့ရသေးတဲ့ ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပ်တယ်နော်။ မျှဝေသွားကြဖို့မမေ့ပါနဲ့ ။

Snow(mcc)
Source – Nyi Phyo’sfb

(Visited 101124 times, 4 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ