Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တစ်ဦးဆီက သိန်း ၁၇၀ တန် နာရီတစ်လုံးမွေးနေ့လက်ဆောင်ရခဲ့တဲ့ ထူးအောင်

ပရိသတ်ချစ်တဲ့ ဗလတောင့်တောင့်နဲ့ ကိုကိုချောချောတွေထဲက တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ထူးအောင်ဟာ ယနေ့မှာတော့ သူ့ရဲ့ ၂၇နှစ်ပြည့်မွေးနေ့ကိုကျရောက်ခဲ့ပါပြီ။ ယနေ့မွေးနေ့မှာတော့ သူထင်မှတ်မထားတဲ့ မွေးနေ့လက်ဆောင်ရခဲ့တဲ့ အပြင် သူအလိုချင်ဆုံးမွေးနေ့လက်ဆောင်တွေလဲ ရခဲ့တာမို့ အပျော်ကြီးပျော်နေကြောင်း ပြောပြလာခဲ့ပါတယ် ။

သူက ” တန်ဖိုးရှိသော ကျွန်တော့်မွေးနေ့🖤 မွေးနေ့အတွက်ဆိုပြီး အမည်မသိပရိတ်သတ်တစ်ဦးဆီက လက်နဲ့ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်၊ 2years ခံ ပန်းဆီး ၊ မွေးနေ့ကိတ် အပြင် သိန်း၁၇၀ တန် နာရီ တစ်လုံး ရခဲ့ပါတယ်။ ပို့ပေးတဲ့သူကိုကျေးဇူးအများကြီးတင်ပါတယ်။ မထင်မှတ်ထားလို့ အများကြီးအံ့ဩရပါတယ် 🖤”

“ညီလေးအာကာက ကျွန်တော်အရမ်းလိုချင်နေတဲ့ Apple watch series 5 ကိုလက်ဆောင်ပေးပါတယ်။ ဒီနေ့မွေးနေ့မှာတော့ ကျွန်တော်ရဲ့ အမာခံပရိသတ်တွေက ကျွန်တော်အလှူမှာ တစ်ထောင့်တစ်နေရာကနေပါဝင်ခဲ့ပါတယ်။ 😍 ကျွန်တော်ဒီနေ့ ဦးမောင်ရဲ့နာရေးကူညီမှုအသင်းမှာ အလှူငွေလဲထည့်ရင်း ကိုယ်တိုင် နာရေးကားမောင်းခြင်း၊ Dead body သယ်ဆောင်တာတွေလုပ်ခဲ့ပါတယ်။ ကျွန်တော်ပရိတ်သတ်တွေရဲ့အလှူငွေစာရင်းလေးကိုလဲဖော်ပြပေးချင်ပါတယ် ❤️”

” အခုလိုအားလုံးခက်ခဲနေတဲ့အချိိိန်မှာ တစ်ကူးတစ်က လှူကြသူများအားလုံးကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ မွေးနေ့မှာ နာရေးကားလိုက်မောင်းပေးသော ကို Nyi Htut Khaungနဲ့ Nay Lynn Shane ကိုလဲရှဲရှဲပါ။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ 😍😍🙏🙏🙏” လို့ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

ထူးအောင်ဟာ မော်ဒယ်လောက ကနေ တစ်ဆင့် ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ သူက ယခုနောက်ပိုင်းမှာတော့ အမိုက်စား Body ပိုင်ရှင်အဖြစ် အမျိုးသမီးတွေက ချစ်ခင်ကျသလို အမျိုးသားတွေ အားကျရတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ် ။

ထူးအောင် အတွက် ချစ်တဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းပေးလိုက်ပါအုံးနော် ။ ဖတ်ရူ့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1271 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ