Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်တစ်ယောက်ရဲ့ စကားကြောင့် ဘ၀င်တောင်လေဟပ်ခဲ့ရတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံရဲ့ အဆိုတော်တွေမှာ ထိပ်ဆုံးကနေအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလို့ဆိုရမယ့် အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ပရိသတ်အင်အား တစ်နေ့ထက်တစ်နေ့ ပိုမို တောင့်တ င်းလာခဲ့တာဘဲဖြစ်ပါတယ်။ သူဟာ ယခုအခါမှာလဲ ပရိသတ်တစ်ဦးရဲ့ စေတနာမေတ္တာတွေကြောင့် သူအရမ်းခံစားခဲ့ရပါတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

အဲ့ဒါကတော့ “ ကျနော် SAMSUNG ကို ဖုန်းအသစ်ပူဆာတဲ့ Post လေးတင်လိုက်မိတယ် ဒီညီမလေးက မုန့်ဖိုးစုပြီးဝယ်ပေးမယ်တဲ့ ကျနော်တော်တော့်ကို ကြည်နူးမိပါတယ် ဘဝင်တောင် လေဟပ်သလိုဖြစ်သွားတယ် ဘဝမှာ လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားရတဲ့အချိန်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ် လို့ဆိုကာ ရေးသားပေးခဲ့ပါတယ်။

စိုင်းစိုင်းဟာ သီချင်းပိုင်းတွေမှာအရမ်းကိုအောင်မြင်ခဲ့တဲ့ သူဖြစ်သလို ယခုနှစ်ပိုင်းတွေမှာ ရိုက်ကူးလာတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလဲ အရင်ကနဲ့မတူတဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုေ တွကို တွေ့မြ င်လာကြရတာဘဲဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလဲ သူ့ရဲ့ပရိသတ်တွေက အရမ်းကို ကြည့်ချင်နေကြပါပြီတဲ့နော်။

ကယ်ပရိသတ်တွေက ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ချင်နေကြပြီမဟုတ်လား၊ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းလေးပြောပြခဲ့ကြပါအုံးနော်။

Snow(mcc)
Source – Sai Sai kham leng’sfb

(Visited 13222 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ