Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်ကြီးကို အသိပေးဖို့ ရှိတယ်လို့ ပြောလာတဲ့ နေတိုး

ပြည်သူ့အချစ်တော် ကိုနေတိုးကြီးကတော့ ပရိသတ်ကိုရင်ခုန်အောင်လုပ်နေပြန်ပါတယ်။ သူကအမြဲလိုလို ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရလေအောင် သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ရိုက်ကွင်းပုံရိပ်တွေအကြောင်းအရာတွှေကို ဖော်ပြပေးလေ့ရှိပြီး ယနေ့မှာတော့ ကိုနေတိုးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Update သတင်းတစ်ခုကို ပရိသတ်ကြီးထံ Live လွှင့်ပြီး အသိပေးစရာရှိတဲ့အကြောင်းကို ရေးသားထားခဲ့ပါတယ်။ အထူးတလည်အသိပေးရမယ့်အကြောင်းက ဘာများဖြစ်နေမလဲ ဆိုတာ စိတ်ဝင်စားနေကြပြီမဟုတ်လား…..ပရိသတ်ကြီး။

သူရေးသားခဲ့တာ ကတော့ “ ကျွန်တော်ချစ်သောကျွန်တော့်ကိုချစ်ကြသောပရိသတ်များကို update သတင်းလေး တခုပြောပြဖို့ အသိပေးဖို့ရှိပါတယ် ခင်ဗျာ….မနက်ဖြန် 1.7.19 ရက်နေ့ live လွှင့်ပြောပြပါမယ်ခင်ဗျာ …ရင်ခုန်ခြင်း များစွာဖြင့်…..နေတိုး” ဆိုပြီးရေးသားခဲ့ပါတယ်။

ကိုနေတိုးကြီးတစ်ယောက် မင်္ဂလာဆောင်များ အသိပေးမှာလား…….? ချစ်သူကောင်မလေးများချပြတော့မှာလား……? အလုပ်နဲ့ပတ်သက်ပြီးဘဲ သတိပေးမှာလား ? လားပေါင်းများစွာထပ်နေအောင် ချစ်ပရိသတ်တွေ ရဲ့ခေါင်းထဲမှာ တွေးတောမိနေကြပြီ မဟုတ်လား။ သူကိုယ်တိုင် မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ ကိစ္စကို ၂၀၁၈ခုနှစ်အတွင်းကလဲ အင်တာဗျူးတစ်ချို့မှာဖြေဆိုခဲ့ဖူးပေမယ့် သေချာတဲ့အခါ အတိအလင်းကြေမယ်လို့လဲ ပြောခဲ့ဖူးတာရှိပါတယ်။ ဘာ အကြောင်းအရင်း လဲဆိုတာကိုတော့ မနက်ဖြန်မှာ မိုးလင်းထဲက စောင့်ကြည့်ကြရအောင်နော်။

အကယ်ဒမီ ၃ဆုရှင်နေတိုးဟာ သရုပ်ဆောင်ပိုင်းသာမက၊ အဆိုပိုင်းမှာလဲ ပိုင်နိုင်သလို၊ လူရွှင်တော်အနေနဲ့လဲ ဟာသဉာဏ်ရွှင်တဲ့ အနုပညာရှင်စစ်စစ်ကြီးပါ။ ကျရာဇာတ်ရုပ်မှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သလို နှစ်စဉ် အကယ်ဒမီစာရင်းမှာလဲ ပါဝင်သူတစ်ယောက်ဖြစ်ပါတယ်။ သူက “မိုးညအိမ်မက်မြူ” ၊ “နက္ခမှားတဲ့တိုက်ပွဲ” ၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အမျိုးသား ဇာတ်ဆောင်ဆု တွေကို ရရှိထားသူဖြစ်ပါတယ်။

ကိုနေတိုးကြီးရဲ့ Live ကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြရအောင်လားပရိသတ်ကြီးရေ။ ဖတ်ရှု့ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – naytoe’s fb

(Visited 4168 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ