Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်ကို စိတ်ဝင်စားစရာတွေနဲ့ ချည်နှောင်လိုက်ပြန်တဲ့ အားတီ

အချစ်သီချင်းတွေ၊ အလွမ်းသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် အားတီဟာ တစ်ကြိမ်ပြီးတစ်ကြိမ် သူ့ရဲ့ နာမည်ကြီးပြီးသား သီချင်းတွေကို Mtv အမိုက်စားတွေ ရိုက်ကူးနေပြီး သူ့ရဲ့ သီချင်းတွေရော mvတွေရောက လူကြိုက်ပြီးရင်းကိုကြိုက်ကြပါတယ်။

ယခုအခါမှာလဲ သူ့ရဲ့နာမည်ကြီး တဲ့ သီချင်းတွေထဲက တစ်ခုဖြစ်တဲ့ မျက်ရည်မကျကြေးဆိုတဲ့သီချင်းကို အနုပညာရှင်ထဲက ချစ်သူစုံတွဲတွေနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သူတို့ ဘာလို့ ငိုနေကျတာလဲ လို့ဆိုကာ ပဟေဠိလေးတွေနဲ့ ပရိသတ်ကို ပုံတွေနဲ့ အတူ ဖမ်းစားလိုက်ပါတယ်။

အားတီက ” သူတို့​တွေဘာ​ကြောင့် ငိုတာလဲသိချင်လား ? သိချင်ရင် မနက်ဖန် ည​နေ ၃ခွဲမှာတင်​ပေးမယ့် အားတီ နဲ့ Jewel ရဲ့ ” မျက်ရည်မကျ​ကြေး ” music video ကို​စောင့်ကြည့်​ပေး​နော်… 🥰” လို့ဆိုကာသူ့ရဲ့ဖေ့စ်ဘုတ်ကနေ ကြေညာခဲ့ပါတယ် ။

ချစ်တဲ့ ပရိသတ်တွေကရော အားပေးကြမယ်မဟုတ်လား ။ မနက်ဖြန်မှာ တင်ပေးမှာပါတဲ့နော် ။

Snow(mcc)

(Visited 2196 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ