ပပဝတီ ရိုက်ကူးနေစဥ်​လေဖြန်းသွားတဲ့ ဆရာဝိုင်း အကြောင်း ပြောပြလာတဲ့ ဖွေးဖွေး

ဖွေးဖွေးဟာ ဒါရိုက်တာဝိုင်း ရဲ့ သင်ကြားပေးမှုနဲ့ လက်ပံရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ ဆုကို စတင်ရရှိခဲ့ပြီး အဲ့ဒီ နောက် ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား ရွှေကြာရုပ်ရှင်ဇာတ်ကားတွေနဲ့လဲ အကယ်ဒမီ ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဘဲဖြစ်ပါတယ်။ ယခုအခါမှာလဲ စတုတ္ထမြောက် အကယ်ဒမီ ဆုကို ဆွတ်ခူးနိုင်လိမ့်အုံးမယ်လို့ ထင်ကြေးပေးနေတဲ့ ပပဝတီ စီရင်ခန်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်တယ်လို့လဲ သိရပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားရိုက်ခဲ့စဥ်က ဆရာဖြစ်သူ အပေါ် စိုးရိမ်စိတ်တွေရှိခဲ့ကြောင်း ရိုက်ကွင်းပေါ်က အမှတ်တရအနေနဲ့ ပြောပြခဲ့ပါတယ်။ သူပြောခဲ့တာကတော့ “ကိုဝိုင်းပေါ့ အဲ့နေ့က ဖွေးတို့ မိတ်ကပ်တွေ အပြည့်အစုံလိမ်းပြီးသွားပြီ ရှုတင်သွားနေပြီ ရောက်ခါနီးမှ ဖုန်းကဝင်လာတယ် ကိုဝိုင်းတဲ့ နေမကောင်းလို့ ဒီနေ့ရှူတင် နားမယ်တယ်ဆိုတော့ အရမ်းအံ့သြသွားတယ် ရှုတင်နားတယ်ဆိုတော့ အရမ်းနားချင်နေတော့ နည်းနည်းလေးလဲပျော်သွားတယ် ။ ဒါပေမယ့်ထူးတော့ထူးဆန်းတယ် ကိုဝိုင်းက ဘယ်လောက်နေမကောင်းဖြစ်ဖြစ် ရှုတင်မနားဖူးဘူးပေါ့နော်။ တော်တော်များနေမကောင်းလို့လားဆိုပြီး ဖုန်းဆက်တော့လဲ မကိုင်ဘူး “

“ပြီးမှ ကိုဝိုင်းက လေဖြန်းသွားတာဆိုတော့ အရမ်းလန့်သွားတယ်။ ပပဝတီကလဲ ရိုက်နေရင်းတန်းလန်းကြီးပေါ့နော်။ လေဖြန်းတာဆိုတော့ မျက်နှာကလဲ တစ်ခြမ်းရွဲ့သွားတာပေါ့နော်။ အဲ့တော့ နားလိုက် ဖွေးတို့ရက်တွေအကုန်ပြန်ပေးမယ် ဆိုတာကို တရက်နှစ်ရက်ဘဲ အဲ့ဒီမျက်နှာ ပါးအရွဲ့ကြီးနဲ့ ရှူတင်ရောက်လာပြီးတော့ကိုဆက်ရိုက်တယ်ပေါ့နော် ”

” ဖွေးဆို အဲ့တစ်ရက်နှစ်ရက်က ကိုယ့်ဆရာကိုယ်ကြည့်ပြီး မုမသွင်းနိုင်ဘူး ။ စိတ်မကောင်းဖြစ်နေတာပေါ့နော့်မြင်ဖူးတဲ့ပုံစံမဟုတ်ဘဲ မြင်ရတော့လေ အာ့လေးတော့ အမှတ်တရရှိတယ် ။ နယ်မှာလဲ လုံးဝမနားခဲ့ဘူး လေဖြန်းနေတဲ့အချိန်မှာ နားနားနေနေ နေသင့်တာပေါ့နော် ”

“အရမ်းအေးတဲ့နေရာမှာသွားရိုက်ရတော့လဲ ကိုယ့်ဆရာကိုစိတ်ပူတာပေါ့နော်။ ဒါပေမယ့်လဲ ဖွေးတို့ အောင်အောင်မြင်မြင်နဲ့ဘဲ ကိုဝိုင်းကလဲဆေးတွေလိမ်း ပြီးရိုက်တာဘဲ ဖွေးတို့ချောချောမောမောနဲ့ဘဲ အကုန်လုံးပြီးခဲ့တယ် ” လို့ ဆိုပြီး အနုပညာ အပေါ် ရူးသွပ်တဲ့ ဝိုင်းရဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

ဝိုင်းဟာ အနုပညာလောကကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရောက်ရှိလာခဲ့ရာမှ ဇာတ်ညွှန်းရေးဆရာ အဖြစ်လည်းကောင်း ဒါရိုက်တာအဖြစ်နဲ့လည်းကောင်း လမ်းသစ်ဖောက်လုပ်ဆောင်လာတဲ့ အခါမှာတော့ အကယ်ဒမီ ၄ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ တာလဲဖြစ်ပါတယ်။ သူက သူကိုယ်တိုင်အကယ်ဒမီဆုတွေကို ရယူရုံတင်မက အကယ်ဒမီ ဆုရှင် မင်းသား၊ မင်းသမီးတွေကိုလဲ မွေးထုတ်ပေးနေသူလို့ တင်စားလို့ရပါတယ်။

ဒါရိုက်တာဝိုင်းက သူကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ” လူတိုင်းမှာ…ခက်ခဲတဲ့အချိန်တွေကိုကျော်ဖြတ်ရတာပါပဲ..ကျနော်လဲ…” လို့ ဆိုကာ ဖွေးဖွေးပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုလေးကို မျှဝေရင်းရေးသားခဲ့ပါတယ်။ ခုချိန်မှာတော့ ပပဝတီစီရင်ခန်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၁၀ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ပရိသတ်ကြီး ဝန်းရံပေးကြပါအုံးနော်။

Snow (mcc)
Source – ပပဝတီစီရင်ခန်း ‘s fb page

(Visited 52468 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ