Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ကူးတော့မယ်လ ယွန်းဝတီလွင်မိုး

လူငယ်အမျိုးသားပရိသတ်တွေရဲ့ အသဲကျော် မော်ဒယ် ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာတော့ ရုပ်ရှင် သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုး ဟာ ကျောင်းပိတ်ရက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာချိန်ခုလို အနုပညာအလုပ်တွေကို လုပ်ဆောင်နေတာလဲ ဖြစ်ပါတယ်။

ဒီလို ရုပ်ရှင်ရိုက်ကူးရတော့မယ်ဆိုတဲ့ အကြောင်းကို “အရင်တုန်းက မော်ဒယ်အလုပ်တွေကနေ အခုအဖေ့ခြေရာနင်းချင်လို့ ရုပ်ရှင်ဘက်ကို ကူးပြောင်းကြိုးစားကြည့်ချင်တယ်။ အဖေသင်ပေးထားတဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပညာတွေကိုအများကြီး၊ အဖေကအရမ်းအားပေးတယ်လို့ ဆိုကာ ယနေ့ပြုလုပ်ခဲ့တဲ့ ကန်တော့ပေးပွဲမှာ မီဒီယာတွေကိုဖြေကြားပေးခဲ့ပါတယ်။

ယခုရိုက်ကူးတော့မယ့် ရွှေဖူးစာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကို ထိုင်းမလေးတွေရဲ့ အချစ်တော် ပိုင်တံခွန်၊ ပျိုပျိုမေတို့အသဲကျော် ပါးချိုင့်မင်းသားလေး ကောင်းမြတ်စံ ၊ အကယ်ဒမီမင်းသမီးချော ဖွေးဖွေးနဲ့ သရုပ်ဆောင် အသစ်လေးအဖြစ်တွေ့ရတော့မယ့် ယွန်းဝတီလွင်မိုး တို့တွေရဲ့ အတွဲညီတဲ့ အရုပ်ဆောင်ချက်တွေကို တွေမြင်ရတော့မှာဖြစ်ပါတယ်။

ယူတို့ရဲ့အချစ်တွေ စုပေါင်းရိုက်ကူးတော့မယ့် ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ချင်နေကြပြီလို့ထင်ပါတယ်။

Snow(mcc)

(Visited 1546 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ