Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပင်လယ်ထဲမှာ ဘုတ်စီးပြီး နဂါးစာ ၊ငါးစာ သွားကျွေးခဲ့တဲ့ စမိုင်းလ်

တစ်ချိန်တစ်ခါက အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့တဲ့ သရုပ်ဆောင်၊မော်ဒယ် စမိုင်းလ်ဟာ ယခုအချိန်မှာ အရမ်းကိုပြီးပြည့်စုံပြီး လူအများအားကျရတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားနိုင်သူပါ။ သူမဟာ ဘာသာရေးတွေ ၊အလှူအတန်းတွေကို လဲ မနားတမ်းလုပ်ကိုင်နေသူဖြစ်ပြီး သစ်တံခါးဆရာတော်ဘုရားရဲ့ အလှူတိုင်း လိုလို သူမတို့မိသားစု ပါဝင်လှူဒါန်းလေ့ရှိပါတယ်။

ယခုအခါမှာလဲ သစ်တံခါးဆရာတော်ဘုရား နဲ့ အတူ ပစိဖိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ နဂါး ၊ ငါး အစရှိတဲ့ ရေသတ္တဝါတွေကို ဘုတ်စီးပြီး အစာကျွေးခြင်း အလှူဒါနကို ပြုလုပ်ခဲ့ပြီး ၊မေတ္တာရေ၊ပရိတ်ရေများ သွန်းလောင်းကာ အမျှအတန်း ပေးဝေခဲ့ကာ ကုသိုလ်ပြုခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို စမိုင်းလ်က သူမရဲ့ ဖေ့စ်ဘုတ်မှာ ပုံတွေနဲ့ အတူရေးသား ဖော်ပြခဲ့ပါတယ်။

သူမရေးသားခဲ့တဲ့ Post လေးကတော့ ” သစ်တံခါးဆရာတော်ဘုရား နှင့် ပစိဖိတ်သမုဒ္ဒရာတွင်နဂါးစာ ငါးစာ ဒါနအလှူပြု၍ မေတ္တာရေ ပရိတ်ရေများသွန်းလောင်းကာ အမျှအတန်းပေးဝေမှုကြောင့်ဝမ်းသာပီတိဖြစ်ရပါတယ် ” ဆိုကာ ရေးသားခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

သစ်တံခါးဆရာတော်ဘုရားနှင့်အတူ စမိုင်းတို့ရဲ့အလှူပြုခဲ့ကြပုံတွေကို ပရိသတ်တွေ သာဓုခေါ်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရခြင်းပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေနော်။ အချိန်ပေးဖတ်ရှု့ပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – စမိုင်းလ်’ ဖေ့စ်ဘုတ်

(Visited 702 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ