Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နှုတ်ဆက် သွားသူတွေထဲ က Wild Card Winner ဘယ်သူ့ကိုဖြစ်စေချင်လဲ ???

Myanmar Idol Season 4 ရဲ့ ပရိသတ်တွေကိုချော့တဲ့ အစီအစဥ်တစ်ခုလို့ဆိုရမယ့် Wild Card Winner အစီအစဥ်ကတော့ တစ်ကယ့်ကို စိတ်ဝင်စားစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအစီအစဥ်ကတော့ ပြိုင်ပွဲကတေထွက်ခွာသွားခဲ့တဲ့ ပြိုင်ပွဲဝင် ၇ ဦးထဲက ပရိသတ်ချစ်တဲ့ အားပေးတဲ့ ပြိုင်ပွဲ ဝင်တစ်ဦးကို ပြန်ခေါ်ပြီး ပြန်လည်ယှဥ်ပြိုင်ခိုင်းဖို့ဘဲ ဖြစ်ပါတယ်။

Top11မှ Top5အထိ အိမ်ပြန်နှုတ်ဆက်ခဲ့ရတဲ့ ပြိုင်ပွဲဝင်များအတွက် Channel 9 Wild Card ယခုနှစ် Myanmar Idolမှာရောက်ရှိလို့လာပါပြီ။ ခြူးစစ်ဟန်၊ နေလင်းကျော်၊ နှင်းအိအိဝင်း၊ တန်ခွန်ကျော်၊ ထက်အဉ္ဇလီ၊ နော်စေးစေးထူး နဲ့ ယောကီး တို့အတွက် Online Votingအခမဲ့ပေးရမှာဖြစ်ပြီးပရိသတ် Voting အများဆုံးသူက နောက်တစ်ပတ်မှာ Wild Card Winner အဖြစ် ပြိုင်ပွဲမှာ နောက်တစ်ကြိမ်ပြန်လာပြီး Top4 ပြိုင်ပွဲဝင်တွေနဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ချစ်တဲ့ ပရိသတ်တွေက ဘယ်သူ့ကိုပြန်ခေါ်ချင်ကြတာလဲ ပြောခဲ့ပါဦး။ admin ရဲ့ အမြင်အရကတော့ ပြန်လာသင့်တယ်လို့ ထင်တာကတော့ တန်ခွန်ကျော်ကိုပါ ။ သူက သီချင်းတွေကိုအကောင်းဆုံးသီဆိုနိုင်သူလို့မြင်မိတယ်။

ပရိသတ်ကြီးကရော ၇ဦးထဲ က ဘယ်သူ့ကိုများပြန်ခေါ်ချင်တာလဲ? ဖတ်ရူ့ပေးလို့ ကျေးဇူးတင်ပါတယ်။

Snow (mcc)

(Visited 5460 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ