Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နှာတံကို ဆီလီကွန်ထည့်လိုက်ပြီ ဆိုတဲ့ ထွန်းကိုကို

ပရဟိတမင်းသားလဲဖြစ် မော်ဒယ်လဲဖြစ်တဲ့ ထွန်းကိုကိုက လက်ရှိမှာတော့ ကိုရီးယားနိုင်ငံကိုရောက်ရှိနေခဲ့ပြီး ရောက်တုန်းရောက်ခိုက်ဆိုသလို အလှအပရေးရာနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူက ယခင်က plastic surgery လုပ်ရမှာ အရမ်းကြောက်ခဲ့ပေမယ့် ယခုလုပ်ပြီးချိန်မှာတော့ အရမ်းကိုအဆင်ပြေခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တဲ့ အတွေ့အကြုံ အပြည့်အစုံကတော့ “ ကိုရီးယားရောက်တုန်း အလှအပပိုင်းဆိုင်ရာ နှင့် plastic surgery အတွက် ကျွန်တော့ ရဲ့ရွေးချယ်မှုတစ် ခုBanobagi plastic surgery လုပ်တာ တစ်ခါမမလုပ်ဘူးးတော့ အရမ်းကို ကြောက် စရာကောင်းလိမ့်မယ်လို့ထင်ခဲ့တာ ထင်ထားသလာက် ကြောက်စရာ မကောင်းပါဘူး။ အခု က နှာခေါင်း ထိပ်ကို နားနောက် က အရိုးနုယူထည့် ပြီး နှာတံကို ဆီလီကွန်ထည့်ခွဲစိတ်ခဲ့တာပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကိုယ်တိုင် ခွဲစိတ်ပေးတဲ့အတွက်အစစအရာရာ အဆင်ပြေပါတယ်”

“ ဆေးခန်းမှာ မြန်မာစကားပြန်လဲရှိတာဆိုတော့ ဘာအခက်ခဲမှ မကြုံတွေ့ရတော့ဘူးပေါ့ ကျွန်တော့ရဲ့ရွေးချယ်မှု မှန်ကန် ခဲ့တာပေါ့ဗျာ အနားမှာနေပေးပြီးလိုအပ်တာ အကုန်လိုက်လုပ်ပေးတဲ့ ကိုအောင်တင်ထွန်း နှင့် ညီ မလေး J J jin ကျေးဇူးပါ စိတ်ပူပေးကြ သူတွေအားလုံး လဲ ကျေးဇူးပါနော်” လို့ဆိုပြီး ပုံတွေနဲ့ အတူရေးသားဖော်ပြပေးခဲ့ပါတယ်။

ထွန်းကိုကို ဆိုတာ 2017 Asia Model Festival မှာ Asia Model Award ဆုကို ရရှိခဲ့တာဖြစ်ပြီး သူပါဝင်ရိုက်ကူးထားတဲ့ “Marry me” ရုပ်ရှင်ဇာတ်ကားကြီး ကလဲ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ သူဟာ နာရေးကူညီမှုအသင်းရဲ့ အသင်းဝင်တစ်ယောက်ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေမှာဆိုရင် လက်မတွန့်တက်တဲ့ မင်းသားတစ်ယောက်လဲ ဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Tun Ko Ko’s fb

(Visited 1039 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ