Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နှမချင်းမစာမနာ ဆဲဆိုသူတွေကို တုန့်ပြန်ပြောဆိုလိုက်တဲ့ မြတ်ကေသီအာင်

ပရိသတ်ချစ်တဲ့ အကယ်ဒမီ မင်းသမီးကြီးမြတ်ကေသီအောင်ဟာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေက ယခုအချိန်မှာ ရုံတင်ပြသနေပြီဖြစ်လို့ Red Carpet Show ကို တက်ရောက်လာခဲ့ပါတယ်။ သူမ ဟာ ကိုယ်စီးပွားရေးလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ခါ နောက်ထက်ဆိုင်ခွဲတစ်ခု ထပ်မံ ဖွင့်လှစ်ဖို့ကိုလဲ စီစဉ်နေတယ်လို့ သိရပါတယ်။

သူမဟာ သူမရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး အမြဲလိုလို မျှဝေလေ့ရှိသလို သူမရဲ့ ဓါတ်ပုံတွေကိုလဲ အမှတ်တရ အနေဖြင့် ဖော်ပြလေ့ရှိပါတယ်။ အဲ့ဒီလိုဖော်ပြတဲ့ ဓာတ်ပုံတွေရဲ့ အောက်မှာ နှမချင်းစာနာမှုမရှိပြောဆို မှုတွေနဲ့ ကောမန့်တွေမှာ ရေးသားလာခဲ့တာတွေ ရှိပါတယ်။ အဲ့လိုတွေ မြင်နေရတဲ့ အတွက် အရမ်းကို စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းကိုရေးသားဖော်ပြခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ “ သူများတင်ထားတဲ့ ကျမရဲပို့စ်တခု အောက်မှာ ဝင်ရေးတဲ့သူတွေရဲ့ စိတ်ဓာတ် တွေပါ..မတင်ချင်ပေမဲ့လည်း မနာလိုစိတ်သိပ်များနေပြီး မုတိတာမပွားနိင်တာလေးတွေ ဖတ်ကြည့်စေချ င်လို့ပါ.သူတို့အပြောတွေအားလုံးကို ကျမ ခုပို့စ်မှာပဲ ပြောပြတာပါ.” လို့ ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

မြတ်ကေသီအောင်ဟာ တစ်ချိန်က အရမ်းကိုအောင်မြင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပြီး သူမက ၁၉၉၉ ခုနှစ်က “ ရင်ထဲက ဆောင်းရာသီ” ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၅ ခုနှစ်မှာ ချစ်ခြင်းဖွဲ့ မေတ္တာ ရုပ်ရှင်ဇာတ်ကားတို့ဖြစ် အကယ်ဒမီ ထူးချွန်ဆုတွေကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

Source – Myat Kay Thi aung’s fb

(Visited 4797 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ