နှင်းဆီလှေထွက်ဖို့ အရေး တိုင်ပင်ဆွေနွေးနေတဲ့ အဖွဲ့သားများ

သရုပ်ဆောင် ပိုင်းမှာသာအားကောင်းရုံတင်မရ အဆိုင်ပိုင်းရော ၊ ဟာသလူရွှင်တော်အဖြစ် လုပ်ဆောင်ရာမှာ လဲ အလွန်တရာမှ အောင်မြင်မှုတွေရရှိထားတဲ့ နေတိုး၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း ၊ ရဲလေး တို့ဘဲဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိမှာတော့ သဘာဝဘေးကြောင့် ရေဘေးသင့်နေခဲ့တဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အနေနဲ့ နှင်းဆီလှေဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးနဲ့ ရန်ကုန်မှာ အငြိမ့်ကပြဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ မနေ့ က အဆိုပါ နှင်းဆီလှေ ဆိုတဲ့ အငြိမ့်ပွဲကို ကပြဖျော်ဖြေဖို့အတွက် ဆွေးနွေးတိုင်ပင်နေကြတာလဲ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို အစီအစဉ် ချပြီး စနစ်တကျလုပ်ဆောင်တက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဦးဆောင်တာဖြစ်လို့ နှင်းဆီ အဖွဲ့ကြီးဟာ အမြဲလိုလို စမတ်ကျနေတာဖြစ်ပြီး အားပေးတဲ့ ပရိသတ်ကလဲ မနဲမနောရှိလှပါတယ်။

သူတို့ဟာလတ်တလောမှာတော့ အောက်တိုဘာလမှာ ပြုလုပ်ကျင်းပမယ့် နှင်းဆီ လှေအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီး အဆိုပါပွဲကို အောက်တိုဘာလ(၄)ရက်နေ့မှာ ရန်ကုန် မှာဖျော်ဖြေမှာဖြစ်ပြီး အောက်တိုဘာလ (၅)ရက်နေ့ မှာ တော့ မန္တလေးမှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နှင်းဆီလှေ အဖွဲ့သားတွေကို ချစ်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ သွားရောက်အားပေးကြဖို့လဲ တိုက်တွန်းချင်ပါတယ်။ ချစ်ရသူတွေကို ကြည့်ရင်း ကုသိုလ်ရမှာဖြစ်လို့ လက်မလွှတ်သင့်ပါဘူးနော်။

Source – နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

(Visited 695 times, 4 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ