Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နောင်နှစ် ၁၂၀တိုင်အောင် ဘဝလှေကြီးကို အတူမောင်းနှင်ချင်ပါတယ် ဆိုတဲ့ နိုင်နိုင်း

ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်မိသားစုတွေထဲမှာ ပါဝင်တဲ့ နိုင်နိုင်းတို့မိသားစုဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်စရာကောင်းလာသလို ပရိသတ်တွေရဲ့အချစ်ကိုလဲ ရရှိလာပါတယ်။ ယခုအခါမှာတော့ မိန်းမဖြစ်သူရဲ့ မွေးနေ့နဲ့ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် ရိုးရှင်းတဲ့ ကတိစကားလေးကို ချစ်စရာကောင်းစွာ ပြောလာပါတယ်။

နိုင်နိုင်းပြောလာတာကတော့ ” Happy birthday & Happy Anniversary…My wife၂၀၀၈ မှ ၂၀၂၀ တိုင်တိုင် ချစ်ခင်မှု၊ နားလည်မှု၊ သံယောဇဉ် ကြီးစွာနှင့် ၁၂နှစ်တိုင်တိုင် လက်တွဲပြီး ဘဝကို လက်တွေ့ကျကျဖြတ်သန်းလာခဲ့ကြတယ်”

“လောကဓံ ဘာလဲဆိုတာ ငါတို့ ကောင်းကောင်းကြီး သိခဲ့ရပြီ… ၁၂နှစ်မှသည်…နောင် ၁၂၀ တိုင်အောင် ငါတို့ ဘဝလှေကြီးကို ဖြတ်သန်းမောင်းနှင်ကြပါစို့… (ငါတည်ဆောက်ထားသော ဘဝလှေမှာပဲ ငါ့အသက်နှင့်ခန္ဓာမြဲနေသ၍ ငါနေသွားမှာပါ) ” လို့ဆိုကာ​သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။

နိုင်နိုင်းမှာ သားတစ်ယောက် သမီးုံးယောက်ရှိပြီး သိပ်ကိုလိမ္မာပြီးထက်မြတ်တဲ့ ကလေးတွေ ဖြစ်ပါတယ် ။ သားလေးကတော့ နိုင်နိုင်းနဲ့ ပိုတူပြီး လုံးဝကို နိုင်နိုင်းသေးစားလေးပါဘဲနော်။ ပျော်စရာကောင်းတဲ့မိသားစုလေးကို နောင်နှစ်ပေါင်းများစွာတိုင် ထိန်းသိမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဖတ်ရူ့ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1386 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ