Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နေမင်းနဲ့ အနီးစပ်ဆုံးမှာ ရှိနေမယ့် သူငယ်ချင်းပါလို့ ဆိုတဲ့ အေးမြတ်သူ

ပရိသတ်ချစ်တဲ့ အနုပညာရှင် တွေ ဖြစ်တဲ့ အကယ်ဒမီအေးမြတ်သူနဲ့ နေမင်းတို့ဟာ အနုပညာလောကမှာ အရင်းနှီးဆုံးသူငယ်ချင်း တွေဖြစ်ကြပြီး သူတို့နှစ်ယောက်က ငယ်ငယ်ထဲက မတည့်အတူနေသူငယ်ချင်းတွေပါလို့ အေးမြတ်သူကပြောပြလာပါတယ်။ သူတို့နှစ်ယောက် အတူရိုက်ကူးထားတဲ့ ဇာတ်ကားပေါင်းများစွာရှိပြီး သူငယ်ချင်းဖြစ်သူ နေမင်းရဲ့ တည်ငြိမ်သွားတဲ့ အကြောင်းကိုလဲ ပြောပြခဲ့ပါသေးတယ်။

အေးမြတ်သူ ပြောခဲ့တာကတော့ “ငယ်ငယ်တုန်းက မတည့်အတူနေ တွေ့တိုင်းသတ်နေတာ ကျမရဲ့ စကားပြောမတက်မှုတွေ က သူ အတွက်တော်တော်အဆင်မပြေသလို သူရဲ့ မထုံတက်အေးတိအေးစက်ပုံစံတွေ က ကျမအတွက်တော်တော်အဆင်မပြေခဲ့ဘူး။ ခုချိန်မှာတော့ သူ က လူကြီးဆန်ပြီးတည်ငြိမ်နေပေမယ့် ကျမ ကတော့ အ‌ေပြာမတက်အနေမတက်ဖြစ်နေဆဲပါ”

” ‘ကိုကြီးကျော်တို့အိမ် ‘ကစလို့ ‘မမေ့မယ့်မိုး’ ၊ ‘မြစ်ကျိုးအင်း’ ၊ ‘မော်ဒန်ချစ်စကား’ ၊’ဂျက်မ’ ၊ ‘မအေးပွင့်မြင့်မြင့်စမ်းလမ်း၃၀’ ၊’ရွာသူမကြွေ ‘အထိ သူနဲ့ကျမ ကို ချစ်ခင်ပေးနေကြတဲ့ တယောက်ချင်းစီတိုင်း ကို အရမ်းချစ်ရင်းကျေးဇူးတင်နေပါတယ်…လို့ မင်းနဲ့အမြဲသတ်နေတဲ့သူငယ်ချင်း က မင်းနဲ့ အနီးစပ်ဆုံး သူငယ်ချင်းပါ” လို့ ဆိုပြီး ​သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

နေမင်းနဲ့ အေးမြတ်သူတို့ကို အတွဲအညီဆုံး အနုပညာရှင်တွေအဖြစ် ပရိသတ်တွေက သတ်မှတ်ခဲ့ကြပြီး တကယ်လဲ လိုက်ဖက်ညီနေဆဲပါ။ နေမင်းကတော့ အကယ်ဒမီဆုအတွက် ကြိုးစားနေဆဲဖြစ်ပြီး အေးမြတ်သူကတော့ အကယ်ဒမီ ဇာတ်ပို့ဆုကြီးကို ၂၀၁၈ခုနှစ် အတွက် ရရှိခဲ့ပြီဖြစ်ပါတယ်။

Snow(mcc)

(Visited 2312 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ