Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နေမကောင်းလို့ ဆေးရုံတက်နေရတဲ့ ပရိသတ်တစ်ယောက်ကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ဆိုဖီယာ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့တဲ့အဆိုတော် ဆိုဖီယာဟာ ပရိသတ်က သူမကို ချစ်သလို သူမကလဲ ပရိသတ်ကို အရမ်းအလေးထားတဲ့ အဆိုတော်တစ်ယောက်ပါ။ ဆိုဖီယာဟာ အမိုက်စားသီချင်းတွေကို ရိုက်ကူးပုံဖော်လေ့ရှိပြီး သူမရဲ့ သီချင်းတိုင်းဟာလဲ ပရိသတ်ရင်ထဲကိုရောက်ခဲ့တာလဲ ဖြစ်ပါတယ်။

ဆိုဖီယာဟာ ယခုအခါမှာတော့ သူမရဲ့ပရိသတ်တစ်ယောက်ကို ဆေးရုံထိသွားရောက်တွေ့ဆုံကာ အားပေးခဲ့ပါတယ်။ အဆိုပါ အကြောင်းကို ” အမရဲ့ Fan ချစ်ရတယ့် ပဲခူးက ညီမလေး အမြန်ဆုံးနေကောင်းပါစေ 🖤”လို့ ဆိုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

ဆိုဖီယာဟာ မြန်မာနိုင်ငံမှာ အလွန်နာမည်ကြီးပြီး ကြည့်ရူ့သူများပြားတဲ့ အစီအစဥ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါ Season-1 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဦး အဖြစ် ပရိသတ်တွေသိခဲ့ရပြီး လက်ရှိအချိန်မှာအောင်မြင်တဲ့အဆိုတော် တစ်ယောက်အနေ အဖြစ် ဂီတလမ်းကြောင်းမှာ လျှောက် လှမ်းနေပြီဖြစ်ပါတယ်။

ပရိသတ်ကိုချစ်တဲ့ ဆိုဖီယာကို ချစ်တဲ့ ပရိသတ်တွေက အမှတ်တရစကားလေးတွေပြောပေးခဲ့ကြပါအုံးနော် ။ အားလုံးကိုကျေးဇူးတင်ပါတယ် ။

Snow(mcc)

(Visited 989 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ