Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နေဒွေး ထံက လျော်ကြေးငွေတစ်ပြားမှ မယူဘဲ အမှုရုပ်သိမ်းပေးလိုက်တဲ့ သံစဥ်မောင်

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်၊ မော်ဒယ် သံစဥ်မောင်ဟာရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင်နေဒွေးကို နာကျင်စေမှု / ပုဒ်မ ၃၂၃ အပါအဝင် ပုဒ်မ ၃ခုနဲ့ တရားစွဲဆို ထားခဲ့ပါတယ် ။တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မော်ဒယ်သရုပ်ဆောင် သံစဥ်မောင်က ယနေ့မှာတော့ အမှုကို​ကျေအေး ပိတ်သိမ်းပေးခဲ့ပါတယ်။

အခုလိုကျေအေးပေးရခြင်း အကြောင်းမှာ လဲ Star Event Production မှ ဂျွန်လွင်ရဲ့နှစ်ဦးနှစ်ဖက်တွေ့ဆုံစေကာ ကြားဝင်ညှိနှိုင်းပေးခဲ့တာကြောင့် ယခုလို ကျေအေးပေးခဲ့တာ ဖြစ်ပါတယ်။ အမှုကျေအေးပေးခဲ့မှုမှာလဲ သရုပ်ဆောင်နေဒွေး ထံက လျော်ကြေးငွေတစ်ပြားတစ်ကျပ်မှ မယူခဲ့ဘဲ ဆရာဂျွန်လွင်ရဲ့ မျက်နှာကြောင့် ကျေအေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယနေ့ ဇွန်လ (၂၃) ရက်နေ့မှာတော့ သရုပ်ဆောင် နေဒွေး ကို ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင် က နာကျင်စေမှု ပုဒ်မ (၃၂၃)၊ ကာမလိမ်လည်မှု ပုဒ်မ (၄၁၇)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆) ဃ တို့နဲ့ တရားစွဲဆိုထားမှုကို ရန်ကုန်တိုင်းဒေသကြီး ၊တာမွေ မြို့နယ် တရားရုံးမှာ အမှု ကျေအေးပိတ်သိမ်းပေးလိုက်ပါတယ်။

Snow(mcc)

(Visited 1259 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ