Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နေတိုး ရဲ့ Live ကတော့ နှစ်ပါးသွား update ပါတဲ့နော်

ပရိသတ်တွေကို အသိပေးစရာရှိတယ်ဆိုပြီး ဇွန်လ ၃၀ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်အများစုက မင်္ဂလာသတင်းများကြေညာတော့မှာလား ဆိုပြီး ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။ နေတိုးကတော့ ယနေ့ ဇူလိုင်လ (၁)ရက်နေ့ နေ့လည်ပိုင်းမှာ (၇)မိနစ်ခန့်ကြာတဲ့ Live ကိုထုတ်လွှင့်ခဲ့ပါတယ်။ သူ့ရဲ့ Live ကိုကြည့်ရှု့သူများပြားပြီးခဲ့ပြီး ပရိသတ်တွေ မျှော်လင့်နေတဲ့ အဖြေကိုပေးခဲ့ပါပြီ။

သူပြောခဲ့တာကတော့ သူပေးချင်တဲ့ Update ဆိုတာ နှစ်ပါးသွား Update လေးပါတဲ့။ နှစ်ပါးသွားဆိုတဲ့ နေရာမှာလဲ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၈ရက်နေ့မှာတော့ တစ်နိုင်ငံလုံးမှာရုံတင်ပြသသွားမယ်ဆိုတဲ့အကြောင့် နှစ်ပါးသွားပေ့ချ်မှာလဲ စတင်ရိုက်ကူးခဲ့စဉ်ကစပြီး ရိုက်ကွင်းပုံရိပ်တွေနဲ့ ပတ်သက်တာတွေကို ဖော်ပြပေးသွားမယ်ဆိုပြီးပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မေးခွန်းတစ်ခုပါ လုပ်သွားပါသေးတယ် ။ မေးခွန်းလေးကတော့ အဲ့ဒီရုပ်ရှင် ဇာတ်ကားကြီး မှာ သူနဲ့ အတူရိုက်ကူးခဲ့တဲ့ မင်းသမီးက ဘယ်သူပါလဲ ဆိုကာ မေးခဲ့တာပါ။

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ သူ့ရဲ့ Live လေးကိုကြည့်ပြီး ရင်တော့ ရင်ခုန်သံတွေငြိမ်ကြတော့ မယ်ထင်ပါ တယ်။ ဖတ်ရှု့သူပရိသတ်အပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – Nay toe’s fb

(Visited 5717 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ