Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နေခြည်ဦး နဲ့ အဝင်းတို့ ဆုံကြဦးမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲ

ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် နေခြည်ဦးနဲ့ ဂျပန်နိုင်ငံရဲ့ အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ မိုရီဆာကီဝင်း တို့ကို အတူတွဲဖက်တွေ့မြင်ရမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲကို မကြာခင်မှာ ရိုက်ကူးတော့မှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်လမ်းတွဲကို အောက်တိုဘာလမှာ စတင်ရိုက်ကူးတော့မှာဖြစ်တယ်လို့လဲ သိရပါတယ်။

ဇာတ်လမ်းတွဲရဲ့ အမည်မှာ အိမ်မက်တွေ မိုးထားတဲ့အိမ်ဇာတ်လမ်းတွဲဖြစ်ပြီး ဇာတ်လမ်တွဲမှာ ပါဝင်မယ့်သရုပ်ဆောင်တွေကတော့ မိုရီဆာကီဝင်း ၊ နေခြည်ဦး ၊ ချမ်းမင်းရဲထွဋ် ၊ အောင်လေး၊ အုပ်စိုးခန့် ၊ ညီနန္ဒ ၊ ရွှေရင်အေး ၊ သဲနန္ဒာစိုး ၊ မေနွယ်ထွန်း ၊ ဝမ်ဝမ်း နဲ့ ကေညီ တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲ ကို ဇာတ်ညွှန်း မိုးစက်ဝိုင် ရေးသားပြီး ဒါရိုက်တာ ပွင့်သီင်္ဂီဇော် တို့ကရိုက်ကူးပုံဖော်ကြမှာဖြစ်ပြီး MNTV နှင့် Myanmar Media 7 တို့မှ ပူးပေါင်းတင်ဆက်သွားမှာဖြစ်တယ် လို့သိရပါတယ်။

အဝင်းရဲ့ပရိသတ်ကြီးနဲ့ ချီချီရဲ့ ပရိသတ်တွေအပြင် အုပ်စိုးခန့်လဲ ပါဝင်မှာဖြစ်လို့ ကြည့်ရှု့သူပရိသတ်များပြားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဖတ်ရူှု့သူပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Wai Min Maung’sfb

(Visited 479 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ