Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နေခြည်ဦးရဲ့ အားပေးခြင်းကို ခံရတဲ့ အုပ်စိုးခန့်

လူငယ်ပရိသတ်တွေကြားမှာ သီချင်းလေးတွေနဲ့ နာမည်ကြီးခဲ့တဲ့ အုပ်စိုးခန့် က ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေပါပြီ။ အုပ်စိုးခန့်ဟာ ငယ်ရွယ်သူဖြစ်တာကြောင့် ခရီးသွားလာတဲ့ အခါမှာ မေမေပါတက်ပြီး ရှုတင်တွေမှာလဲ အမေကအမြဲပါလေ့ရှိပါတယ်။ ဒါပေမယ့် ယခုတစ်ခေါက် ဘန်ကောက်ခရီးစဉ်ကိုတော့ မိခင်မပါဘဲ မောင်နှမနှစ်ယောက်ထဲ သွားရောက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလို သွားရောက်ချိန် လေဆိပ်မှာ Beauty Blogger နေခြည်ဦးနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ ပုံလေးကို အုပ်စိုးခန့်ရဲ့ မိခင်က ပြောပြခဲ့ပါတယ်။

“ ဒီနေ့ သားတယောက်ထဲ….BkK ကို ပထမဆုံးလွှတ်တဲ့နေ့။ သူ့အလုပ်ကိစ္စသူ့ဟာ သူလုပ်တတ်အောင်လွှတ်လိုက် တယ်။ စိတ်တော့ပူတယ်….ကိုယ့်လမ်းကိုယ်လျှောက်တတ်အောင် သင်နေပြီ…အန္တရာယ်ကင်းစွာနဲ့ အစစအရာရာ အောင်မြင်ပါစေ အုပ်ရေ…” ဆိုကာ သားဖြစ်သူအပေါ်ထားတဲ့ မိခင်ရဲ့ စိတ်လေးကိုပြောပြထားပါတယ်။

အဲ့ဒီနောက် “ ချီချီနဲ့လေဆိပ်မှာတွေ့လို့ရိုက်တဲ့ပုံလေးပို့လိုက်တယ်။”မေရီးစိတ်မပူနဲ့”တဲ့။ချီချီက သူတို့မောင်နှမ (၂)ယောက်ရဲ့ Idol ချီချီကို အမေပါချစ်မှန်းသိလို့ ပုံလေးလှမ်းပို့တာတဲ့။ ချီချီလေးကလဲ အုပ်ကိုတွေ့တိုင်း” မောင်လေးကြိုးစား”လို့ အမြဲအားပေးတာ။ချစ်တယ်ချီချီရေ” ဆိုကာ နောက်ဆက်တွဲရေးသားဖော်ပြထားခဲ့ပါတယ်။

နေခြည်ဦး ဆိုတာကလဲ ပရိသတ်တွေထဲမှာရော အနုပညာရှင်အချင်းချင်းတောင် သဘောကြတဲ့ Beauty Blogger ဖြစ်ပြီး ခုနောက်မှာတော့ ရုပ်ရှင်ကားကြီးတွေလဲ ရိုက်ကူးလာပါပြီ။ သူမဟာ အချိန်တိုအတွင်းမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပြီး တိုက်ခိုက်မှုပေါင်းစုံ၊ဝေဖန်မှုပေါင်းစုံကိုလဲ ခံခဲ့ရတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် အုပ်စိုးခန့်ရဲ့ မေမေကလဲ နေခြည်ဦးရဲ့ Chilli တွေထဲက တစ်ယောက်ဖြစ်နေခဲ့ပါတယ်။

ချီချီ့ကိုရော အုပ်အုပ် ကိုပါအားပေးတဲ့ ချစ်ပရိသတ်ကြီးက အမှတ်တရ စကားလေး ပြောပြပေးခဲ့ပါဦးနော်။ ချစ်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 935 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ