Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နို့ဘီလူး ကို ငိုချင်လာလို့ မျက်စေ့လွှဲပြီး ကြည့်ခဲ့ရတယ် ဆိုတဲ့ ခိုင်သင်းကြည်

ပရိသတ်တွေ များစွာရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာရှင်တွေကလဲ ကြိုက်နှစ်သက်အားပေးခဲ့ကြတာကို တွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကားကြီးကို ကြည့်ရှု့ပြီးသူတိုင်းက အများဆုံးကတော့ မျက်ရည်စလေးတွေနဲ့ ရုံထဲက ထွက်လာခဲ့ကြတာပါဘဲ ။

မိဘမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ်ပြီး သားဆိုး၊သားမိုက်တွေရဲ့ နောက်ဆုံးသွားရာလမ်းကို ဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ နောက်ပြီး ဝဋ်ကြွေးဆိုတာ ကိုယ့်နောက်မှာ အမြဲကပ်လိုက်နေပြီး အချိန်မှီ ပြုပြင်ပြောင်းလဲနိုင်ရင်တောင် ဒီဘဝမှဘဲ ဝဋ်လည်ချင်းတွေကို ခံစားရမယ်ဆိုတဲ့ အကြောင်းတွေကို ပညာသားပါပါ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ခိုင်သင်ကြည်က သွားရောက်ကြည့်ရှု့ခဲ့ပြီး သူခံစားခဲ့ရတဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ “ အရမ်းကြည့်ချင်နေတဲ့ “နို့ဘီလူး”ရုပ်ရှင်ကိုကြည့်ခဲ့ ရပါပြီ ?အမေနဲ့သား တွေ့တဲ့အခန်းတွေမှာ တောက်လျှောက်မကြည့် ဘဲဘေးကို မျက်စေ့လွှဲပြီးကြည့်ခဲ့ရတယ် (အရမ်းငိုချင်လာလို့ပါ) တကယ့်ကိုကောင်းတဲ့ကားလေးပါ,မိဘမေတ္တာတွေ,ဝဠ်ဆိုတာတွေကြားမှာအရမ်းလှတဲ့ရှုခင်းနဲ့ရိုက်ချက်တွေကိုလည်းကြည့်ခဲ့ရတယ်, ကိုလူမင်းနဲ့နို့ဘီလူးအဖွဲ့သားများအားလုံး Congratulations ပါရှင်” ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ချစ်ပရိသတ်တွေရောကြည့်ပြီးကြပြီလား ။ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသနေပြီး ကြည့်ရှု့အားပေးသူတွေလဲ အရမ်းကို များပြားခဲ့ပါတယ်။

Snowpiki(MCC)

(Visited 739 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ