Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နိုင်ငံခြားမှာ အိမ်သစ်တစ်လုံး မွေးနေ့လက်ဆောင်ရခဲ့တဲ့ စမိုင်းလ်

ယနေ့ ဇွန်လ ၂၂ရက်နေ့ဟာ ပြည်သူ့အချစ်တော် စမိုင်းလ်ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ သူမဟာ သူမရဲ့မွေးနေ့ကို အတိုင်းအစမရှိ အပျော်ကြီးပျော်နေပါတော့တယ်။ သူမပျော်နေရတဲ့ အကြောင်းရင်းကတော့ သူမလိုချင်လို့ တောင်းခဲ့ဖူးတဲ့ နိုင်ငံခြားမှာ အိမ်လေးတစ်လုံး လိုချင်တယ် ဆိုတဲ့ ဆန္ဒလေးကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့လို့ဘဲဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့မွေးနေ့မှာ အိမ်သစ်တက်မင်္ဂလာအခမ်းအနားလေးကိုလဲ ပြုလုပ်ခဲ့တယ် ဆိုတဲ့အကြောင်းကို ” လိုလို ချင်ချင်နဲ့ တောင်းယူခဲ့တဲ့မွေးနေ့လက်ဆောင်လေး .. သမီးတွေကြီးလာလို့နိုင်ငံခြားမှာအိမ်လေးတစ်ခုလိုချင်နေခဲ့တာကြာပြီ.. တစ်ကူးတစ်ကကြွရောက်ပြီးမေတ္တာပရိတ်ရွတ်ဖတ်ပြီးဘုရားအနေကဇ္ဇာတင်ပေးတဲ့ သစ်တံခါးဆရာတော်ဘုရားကိုလည်းကျေးဇူးအထူးတင်ပါတယ်ဘုရား ?? ကျေးဇူးအများကြီးတင်ပါတယ်မောင် အမြဲချစ်ပေးပါ???” ဆိုကာ ရေးသားခဲ့ပါတယ်။

စမိုင်းလ် မွေးနေ့လက်ဆောင်ရခဲ့တဲ့ အိမ်လေးကတော့ အရမ်းကို လှပြီး ချစ်စရာကောင်းလှပါတယ် ။ သူမရဲ့ လိုအင်ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးတက်တဲ့ ယောက်ျားဖြစ်သူကိုလဲ သူမက စကားလုံးလေးတွေနဲ့ ချည်နှောင်လိုက်ပါတယ်။ ချည်နှောင်လိုက်ပုံလေးက ”ဘဝမှာမောင့်ကိုရတာဘုရားပေးတဲ့ဆုတစ်ခုပါ ? ” တဲ့လေ ။

ကယ် စမိုင်းလ်ရဲ့ မွေးနေ့လက်ဆောင်လေးကို အားကျမနေဘဲ သူမအတွက် မွေးနေ့ဆုတောင်းပေးလိုက်ကြရအောင်နော်။ ယခု ထက်မက အဆပေါင်းများစွာ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပျော်ရွှင်တဲ့ မိသားစုဘဝလေး ဖန်တီးနိုင်ကြပါစေလို့ MCC အဖွဲ့သားတွေက ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အပေါင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

Source – smile’ sfbpage

Myanmar Cele Crazy

(Visited 2960 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ