Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီး ရဲ့Teaser

ပိုစတာ တွေထွက်လာပြီးကတည်းက ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အများဆုံးခံခဲ့ရတဲ့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ နမူနာ ဗီဒီယို အပိုင်းအစလေး ထွက်ရှိလာပါတယ်။ အဲ့ဒီ အပိုင်အစလေးထဲမှာ ထပ်မံပါရှိလာတဲ့ နိုင်ငံကြီးသားရဲ့ ဆောင်ပုဒ်တစ်ခုကတော့ “တကယ် အမှားလုပ်တဲ့သူတွေကိုဆွဲထုတ်ပြီး အမှန်တရားကို ဖော်ထုတ်ပြနိုင်မှ နိုင်ငံကြီးသားတဲ့…..” ဆိုပြီး ဖြစ်ပါတယ်။

အမှန်တရားကို ဖော်ထုတ်ဖို့ အချိန်တန်ပြီလို့ နှိုးဆော်လိုက် တဲ့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီးဟာ လက်တလော လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေသလို ခံစားနေရမယ်လို့ထင်ပါတယ်။ ဒရုပ်ရှင်ဇာတ်ကားကြီးဟာ ပြည်သူတွေနဲ့ ရင်ဘက်ခြင်းနီးမယ့် ဇာတ်ကားတစ်ကားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်နော် ။ သရုပ်ဖော်ကြမယ့် သရုပ်ဆောင်တွေကလဲ ပီပြင်လွန်းလှတဲ့ သူတွေဖြစ်ပြီး အကောင်းဆုံးသရုပ်ဖော်နိုင်သူတွေဘဲဖြစ်ပါတယ်။

ဒီနိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ သရုပ်ဆောင် နေတိုး ၊မင်းမော်ကွန်း ၊ထွန်းထွန်း ၊ နေထက်လင်း၊ နေမျိုးအောင် ၊ဇင်ဝိုင်း ၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ ၊သိန်းလင်းစိုး ၊ ရွှေသမီး၊ အောန်ဆိုင်း ၊ဆာရာဆောင်းဦး တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဇာတ်ကားကြီးကို သြဂုတ်လ (၈)ရက်နေ့ ၊ တစ်ပြည်လုံးမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

လတ်တလောမှာတော့ ထွက်ရှိလာတဲ့ Teaser လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – နိုင်ငံကြီးသား ‘s fb

(Visited 3957 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ