Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နိုင်ငံကြီးသားပီသချင်ရင် အထက်တန်းစား စိတ်ဓာတ်မျိုးမွေးဖို့ မမေ့ပါနဲ့ ဆိုတဲ့ နေတိုး

ပရိသတ်တွေရဲ့ အချစ်တော်နေတိုးဟာ သူရဲ့မကြာခင်မှာရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ရှိလှတဲ့ စကားတွေကို ပရိသတ်တွေ ထံ မျှဝေလာပါတယ်။ သူဟာ ခေတ်ဆိုး စနစ်ဆိုးတစ်ခုရဲ့ အမဲစက်တစ်ချို့ကို ပုံဖော်ရိုက်ကူးထားတဲ့ နိုင်ငံကြီးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရဲအရာရှိတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး တကယ့်ကို ဒိတ်ဒိတ်ကြဲတွေ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီးကတော့ တကယ့်ကို အမိုက်စားနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးဇာတ်ကား လဲဖြစ်ပါတယ်။ ဒါ့အပြင်နေတိုးရဲ့ ပထမဆုံး လုပ်ဖူးမယ့် ကန္နားစီဇာတ်ရုပ်ကို အကောင်းဆုံးဖန်တီးသရုပ်ဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ အထက်တန်းစား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလဲ တကယ့်ကိုစိတ်ဝင်စားစရာကောင်းနေပြန်ပါတယ်။ ဒီဇာတ်ကား နှစ်ကား လုံးဟာ လူတွေရဲ့ စိတ်ကို အကောင်းဆုံးပြင်ဆင်ပေးနိုင်မယ့် ပညာပေးကားကြီးတွေဘဲဖြစ်ပါတယ်။

နေတိုးကတော့ ရုပ်ရှင်ကားကြီးနှစ်ကားနဲ့ ပတ်သက်ပြီး ပေါင်းစပ်ကြေညာပေးပုံကတော့ တကယ့်ကိုထိမိတဲ့ စကားလုံး တစ်ခုဖြစ်ခဲ့ပါ တယ်။ သူပြောခဲ့တာကတော့ “ တစ်ခုတော့ကြိုမှာထားပါရစေ နိုင်ငံကြီးသားပီသချင်ရင်တော့ အထက်တန်းကျတဲ့ အထက်တန်းစား စိတ်ဓာတ်မျိုးမွေးဖို့မမေ့ပါနဲ့….နေတိုး” ဆိုပြီးရေးသားခဲ့တာဘဲ ဖြစ်ပါတယ်။

နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ(၈)ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး အထက်တန်းစား ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ(၂၂)ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Nay Toe’sfb

(Visited 577 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ