Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နိုင်ငံကျော် အဆိုတော်ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ထံမှ ​ဖြေရှင်းချက်

ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာ တစ်ခုလိုဖြစ်နေတဲ့ နိုင်ငံကျော် အဆိုတော်နဲ့ အကယ်ဒမီ မင်းသမီးတစ်ယောက်တို့ရဲ့ ပြဿနာကတော့ သူတို့ရဲ့ ပရိသတ်တွေကြားမှာ အရမ်းကို စ်ဖြစ်နေပါတယ်။ အဲ့လို ဟစ်ဖြစ်နေပြီး အပြန်အလှန်ရေးသားဖော်ပြနေချိန်မှာ အဆိုတော်မလေးရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ ကောင်းကျော်ဆွေ က သူမရေးသားခဲ့တဲ့ စာတွေထဲက ကွဲလွဲချက်တွေကို တိတိကျကျပြန်လည်ဖြေရှင်းရေးသားခဲ့ပါတယ်။

သူ ပြောပြခဲ့တာကတော့ ” 1။ ကျနော့် သူငယ်ချင်းနှင့် online မှ ဖုန်းပြောနေခိုက် သူမသည် ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသောကြောင့် မခံနိုင်သည့်အဆုံး သူမ ဖုန်းအကြိမ်ကြိမ်မဆက်ရန်နှင့်ပြောဆိုပြီး အကယ်၍ ပြောဆိုလိုပါက မျက်နှာချင်းဆိုင် တွေ့ပြီးပြောဟု မိမိလည်း သူဖုန်းထပ်မဆက်စေရန်ပြောသောအခါ သူဆီကိုလာရန်ပြောပါသည်။ မိမိမလာမချင်း ဖုန်းခေါ်ဆိုပါသည်။ သူမအား သူနေထိုင်သော ကွန်ဒို အောက်တွင် တွေ့ရပီး သူမမှာ မိမိကားပေါ်သို့ ဝင်ထိုင်ပါသည်။ ထို့အပြင် အလွန်မူးနေပီး ပြန်ဆင်းခိုင်း၍မရသည့်အဆုံး မိမိနေအိမ်သို့ ခေါ်ဆောင်ခဲ့ရပါသည်။ မိမိအနေဖြင့် မိတ်ဆွေ ခင်မင်မှုထက်မပိုပါ။ ကွာရှင်းပီးသည့်နောက် ထိုနေ့ တစ်ကြိမ်တည်းသာ သူအိမ်သို့ရောက်ရှိခြင်းဖြစ်ပါသည်”

“၂။ ဖုန်းခေါ်ဆိုခြင်းသည် သူမ၏ ကားအား ပြင်ပေးရန် နှင့် အိမ်ထောင်စု ဇယားမှ သူမ ဖယ်ပေးရန် ပြောခြင်းသာ ဖြစ်ပါသည်။ ၃။ တစ်ရက် သူမသည် မနက် စောစော အိမ်ရှေ့ရောက်လာပြီး ကားဟွန်းတီးခြင်း။ Bell အား အဆက်မပြတ်တီးနေခြင်းဖြင့် အနှောက်အယှက်ပေးနေသောကြောင့် သူ့မိဘ နှင့် သူငယ်ချင်းများအား ဖုန်းဆက်ခေါ်၍ ပြန်ခေါ်ခိုင်းရပါသည်။ အခြား ဘေးအိမ်များအား အနှောက်အယှက် ရှိ၍ ထိုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။ ၄။ မိမိအား အခြားသူငယ်ချင်းများ ရှိနေခိုက် သူမသည် အကြိမ်ကြိမ် ဖုန်းခေါ် အနှောက်အယှက် ပြုနေသောကြောင့် သူငယ်ချင်းတစ်ဦးမှ ဝင်ရောက် ဖြေဆို ခြင်းသာ ဖြစ်ပါသည်” လို့ဆိုကာ အချက်အလက်တိတိကျကျနဲ့ ရေးသား​​ပြောပြခဲ့ပါတယ်။

အဲ့ဒီမတိုင်ခင်မှာလဲ ကောင်းကျော်ဆွေက ” ကျနော် သူများ အရှက်မခွဲချင်ဘူးဗျာ( နောက်ကြောင်း ပြန်လှည့်လိုစိတ် အရှင်းမရှိပါ)” လို့ ဆိုပြီးလဲ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကိုတော့ ကာယကံရှင်တွေကသာ အသိဆုံးဖြစ်မှာမို့ ပရိသတ်တွေ ဆင်ချင်ဝေဖန်နိုင်ကြစေဖို့ ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြလိုက်ပါတယ်။

ဖတ်ရှုပေးကြသူတွေကို ကျေးဇူးအထူးတက်ရှိပါတယ်။

Snow(mcc)

(Visited 193703 times, 2 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ