Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နာရီဝက်အတွင်း အခွေကုန်သွားရလောက်အောင် စံချိန်တင်အားပေးခဲ့ကြတဲ့ ဖြိုးမြတ်အောင်ရဲ့ ပရိသတ်များ

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ စက်တင်ဘာလ(၁၉)ရက်နေ့မှာတော သူ့ရဲ့ ပထမဆုံးသော သီချင်းခွေဖြစ်တဲ့ “ သင့်အတွက်မနက်ဖြန်” သီချင်းခွေရဲ့ Promotion ပွဲကို ပရိသတ်တွေများစွာ တက်ရောက်ခဲ့ပြီး ပွဲစပြီးခချိန် နာရီဝက်အတွင်းမှာဘဲ သီချင်းခွေတွေ အားလုံးကုန်သွားအောင် စံချိန်တင်ရောင်း ချနိုင်ခဲ့တယ်လို့လဲ သိရပါတယ်။ ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေဟာ စံချိန်တင်မျာပြားခဲ့ ပြီး အခွေကုန်သွားတဲ့ အတွက် လဲ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။


ဖြိုးမြတ်အောင် က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ” လက်ရှိ ကျွန်တော်တို့ ဆီမှာရောရုံးမှာ ရော ခွေတွေကုန်သွား တဲ့အတွက် မရလိုက်တဲ့သူတွေအတွက် တောင်းပန်ပါတယ် 🙏🙏🙏တစ်ပါတ်လောက်စောင့်ပေးပါ ခင်ဗျလက်ရှိ ရနိူင်တဲ့နေရာများကို Post. တင်ပေး ထားပါတယ် ခင်ဗျအဆင်မပြေမှု့ အတွက်တောင်းပန်ပါတယ်ဒီလောက် ရောင်းရမယ်လို့ထင်မထားမိလို့ပါ ဗျ🙏🙏🙏တောင်းပန်ပါတယ် ခင် ဗျ 🙏🙏🙏ခုလိုအါးပေးတဲ့ မိသားစု အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ် ဒီထက်ပိုပြီးကြိုးစားပါ့မယ် ။အားလုံးကိုချစ်တယ် ❤️❤️❤️” ဆိုကာ ရေးသားခဲ့ပါတယ်။

ဖြိုးမြတ်အောင် ဟာ Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြစ်ပြီး ပြိုင်ပွဲဝင်စဉ်ကာလကနေ ဆုရရှိပြီးသည်အထိ အားပေးတဲ့ ပရိသတ်တွေက မနဲမနောပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ ခွန်းအားကြောင့် သူဟာ ကြော်ငြာတွေများစွာလဲ ရိုက်ကူးလာရသလို မကြာခင်မှာဆိုရင်လဲ ရုပ်ရှင်ကားကြီးတစ်ကားကို တင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး သင့်အတွက် မနက်ဖြန် Album Promotion ပွဲလေးကို စက်တင်ဘာလ ၂၉ရက်နေ့က City Mall မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲမှာအခွေမရလိုက်တဲ့ ပရိသတ်တွေအတွက်လဲ တခြားဆိုင်တွေမှာ ဝယ်ယူနိုင်မယ့် ဆိုင်လိပ်စာတွေကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်နော်။

ယခုလို အောင်မြင်မှုတွေလက်ဝယ်ရရှိထားတဲ့ ဖြိုးမြတ်အောင်အတွက် Myanmar Cele Crazy မှဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ ပရိသတ်တွေအားလုံးကို လဲကျေးဇူးအထူးတင်ရှိပါတယ်။

Photo Credit: Up to date

(Visited 5898 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ