Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နာမည်ကြီးအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ရိုက်ကူးတော့မယ့် အေးမြဖြူ

မြန်မာအိုက်ဒေါ season 4ရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်အားပေးမှု အစွမ်းကုန်ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် အေးမြဖြူဟာ winner မဖြစ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို ပြည့်အဝရရှိခဲ့ပါတယ်။ သူမဟာ ငယ်စဥ်ကတည်းက အနုပညာအပေါ်ရူးသွပ်သူဖြစ်ပြီး သီချင်းဆိုပြိုင်ပွဲတွေလဲ များစွာယှဥ်ပြိုင်ခဲ့ပါတယ်။

သူဟာယခုအခါမှာတော့ သရုပ်ဆောင်ပိုင်းကို ပထမဆုံးခြေလှမ်းစတင်ခဲ့ပါပြီ။ သူ့ရဲ့စတင်ခဲ့ပုံက တော့ နိုင်ငံကျော် အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်တယ်ဆိုတာပါဘဲ ။ အဲ့သတင်းလေးကို ” ကဲ သတင်းကောင်းလေးလာပါပြီ 😁 တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့် ချစ်ခင်စမှော်ရုံရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေးပါဝင်သရုပ်ဆောင်သွားမှာပါရှင်❤️” လို့ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အေးမြဖြူဟာ ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး ဒေါင်း၊ ကျော်ထက်အောင် ၊ မိုးဟေကို၊ အကယ်ဒမီ ပိုင်ဖြိုးသုတို့နဲ့အတူ ” ချစ်ခင်စ မှော်ရုံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

အေးမြဖြူရဲ့ချစ်ပရိသတ်ကြီးကတော့ ပျော်နေကြပြီထင်ပါတယ်။ ယူတို့ရဲ့ မိုးသိုလေးအတွက် အမှတ်တရဂုဏ်ပြုစကားလေး ပြောပေးခဲ့ကြပါအုံးနော်။

Snow(mcc)
Source – aye mya phyu’sfb

(Visited 3164 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ