Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နမူနာ ဗီဒီယိုနဲ့တင် အရမ်းကို ဟေ့ာဖြစ်နေတဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်ချစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ အမျိုးသမီး ပရိသတ် အင်အားတောင့်တင်းတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး မကြာခင်မှာတော့ ရုပ်ရှင်ကားကြီးတစ်ကားကို လူငယ်တွေစိတ်ကြိုက် ဇာတ်ရုပ်မျိုးနဲ့ရိုက်ကူးပုံဖော်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ စိုင်းစိုင်းရဲ့ အရမ်းမိုက်တဲ့ စကားလုံးတွေက ပရိသတ်တွေ ရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာနိုင်ဦးမယ်လို့ ထင်မိပါတယ်။

လက်ရှိ နမူနာ ဗီဒီယို အတိုလေးတွေကို ကြည့်ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားကိုရောက်ရှိလာတာက စိုင်းစိုင်းရဲ့ ရည်းစားစကားပြောနည်းလေးပါဘဲ ။ ဥပမာ – ပြောပြရရင် စိုင်းစိုင်းပြောတဲ့ အချစ်ဦး နဲ့ နောက်ဆုံးချစ် ဆိုတာ ရှိတတ်ကြတာပဲ..ဒါဆိုရင် ကိုယ့်ရဲ့ အချစ်ဆုံးက အချစ်ဦး ❝ 𝗔 ❞ လား ? or နောက် ဆုံးချစ် ❝ 𝗭 ❞ လား ? ဆိုတဲ့ ဇာတ်ဝင်ခန်းလေးပါဘဲနော်။

နောက်တစ်ခုကတော့ အဂ္ဂါစိုင်းအနေနဲ့ ပိုးမဒီလေးကို ရည်းစားစကားပြောတဲ့အခန်းလေးမှာ နဖူးစာ မှာ ချစ်သူနာမည်ပါတယ်ဆိုတဲ့ အခန်းလေးပေါ့ဒါဆိုရင်လဲကောင်မလေးတွေက တော်တော်လေးကိုကြွေတဲ့ အခန်းပါဘဲ ။ နောက်တစ်ခုကတော့ အဂ္ဂါစိုင်းက ချစ်သူကောင်မလေးကို စောင်းလေး လက်ဆောင်ပေးတဲ့ အခန်းလေးတွေဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့နမူနာကိုကြည့်ချင်းအားဖြင့် လက်ရှိ အဆိုတော်စိုင်းစိုင်းခမ်းလှိုင် နဲ့ အဂ္ဂါစိုင်း က သိပ်မကွာခြားလှတဲ့ ဇာတ်ရုပ်လေးဖြစ်တာကြောင့် စိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုတွေက အရမ်းကို ပီပြင်နေမှာပါနော်။ ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကားထဲမှာ သင်္ကြန်ရဲ့အငွေ့အသက်တွေကို များစွာ သိမြင်နိုင်တာကြောင့် စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ အရမ်းကိုကြည့်ချင်နေကြပြီလို့ထင်မိပါတယ်။

အဆိုပါ ပိတောက်ကတဲ့ဂီတ သီချင်းရုပ်ရှင် မှာ စိုင်းစိုင်းရဲ့ သီချင်းအသစ်တွေ ပါဝင်မှာဖြစ်တာကြောင့် လူငယ်ကြိုက်သီချင်းတွေ ထပ်မံထွက်ပေါ်လာနိုင်သေးပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၂၀ခုနှစ် မတ်လ (၅) ရက်နေ့မှာတော့ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာဘဲ ဖြစ်ပါတယ်။

Snow(mcc)

(Visited 864 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ