နန္ဒာလှိုင် ရဲ့ ပို့စ် အောက်က ဝေဖန်သူတွေ ကို အကြောင်းစုံရှင်းပြလာတဲ့ ဇေသီဟ

မကြာသေးခင်ရက်ပိုင်းအတွင်းက နန္ဒာလှိုင်တစ်ယောက် သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့တဲ့ ပိုက်ဆံအိတ်ထဲ အကြွေတွေဘဲရှိတဲ့အကြောင်း ပြောပြခဲ့တဲ့ ပို့စ်တစ်ခုဟာ အတိုင်းအတာတစ်ထက်ပိုပြီးပေါက်ခဲ့သလို ဝေဖန်ပြောဆိုတာတွေကိုလဲခံခဲ့ရပါတယ်။ တကယ် နန္ဒာလှိုင်က ဒီအကြောင်းအရာကို ရယ်စရာတစ်ခုအနေနဲ့တင်တဲ့သဘောဖြစ်သလို သူတို့ လင်မယားနှစ်လုံးမှာ နန္ဒာလှိုင်ကတော့ အိုက်ဆံအိတ် အကြီးကိုင်လို့ သူ့အိတ်ထဲ အကြွေပေါတယ်။ ကျွန်တော်အိတ်ထဲ ငွေတစ်ပြားမှတောင်မရှိတာပိုများတယ်လို့ ဆိုပြီး အသေးစိတ်ရှင်းပြလာပါတယ်။

သူပြောခဲ့တဲ့ အပြည့်အစုံကတော့ ” နန္ဒာ ဒီပုံတင်ထားတဲ့ပိုစ့်အောက်က မန့်တွေ ဖတ်ကြည့်မိတယ်။ ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်မတူတော့ နားလည်ကြမယ်မထင်ပါဘူး။ အိတ်ထဲမှာ ငွေမပါတဲ့ ဖြစ်ရပ်က နန္ဒာ့ထက် အပြင်အမြဲသွားနေတဲ့ ကျွန်တော်က ပိုဖြစ်ပါတယ်။ နေ့တိုင်း ရုံးနဲ့ အိမ် ပဲ သွားနေကြသူအတွက် ငွေတပြားမှ ကိုင်သွားစရာမလိုပါဘူး။ ညနေမှာ ထိုင်နေကြ Byblos မှာက စားသမျှ ငွေရှင်းစရာမလို။ တလတခါ ကဒ်ထုတ်ရှင်းလိုက်ရုံသာ”

” တခြားဆိုင်တွေကလည်း ရုံးကပဲ ရှင်းပေးလို့ ငွေသားကို အမြဲမဆောင်ဖြစ်။ အဲ့ဒါကြောင့်လည်း ငွေမပါပဲ ဆီဖြည့်မိတာတွေ၊ လက်ဖက်ရည်ဆိုင်မှာ ငွေမပါသွားလို့ အကြွေးထားခဲ့ရတာတွေက ဖြစ်နေကြပါ။ နန္ဒာက တစ်ခုသာတယ်။ သူ့ပိုက်ဆံအိတ်က ကြီးတော့ အမြဲအကြွေရှိတယ်။ တစ်ရာတန် ၂ ရာတန်ကအစ ပြန့်နေအောင် သိမ်းတတ်တယ်။ အဲ့ဒီနေ့က လားရှိုးကြက်ကင်ဆိုင်မှာ မြီးရှည်တွေဝယ်ရင်း ဆိုင်ကဂျာကြီးကိုတောင် ပိုက်ဆံမလောက်ရင် အကြွေးထားခဲ့မယ်နော် ပြောပြီး ပိုက်ဆံရေတွက်ရင်း အမှတ်တရ ရိုက်တင်ခဲ့တာပါ”

”ဘယ်သူ့ကိုမှ ပုတ်ခတ်တာမဟုတ်ပဲ လင်မယားနှစ်ယောက်ရဲ့ ရယ်စရာအဖြစ်ကို သဘောကျပြီး တင်လိုက်တာနေမှာပါ။ ဒီလိုအဖြစ်မျိုးက ကျွန်တော်တို့အတွက် ရိုလို့မရဘူးလားဟင်….နှစ်ယောက်သားငွေမပါပဲ ရိုခဲ့ကြတာ အမှတ်တရပါ” လို့ ဆိုပြီးလဲ ကိုဇေသီဟက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းလေး ကို နန္ဒာလှိုင်ရဲ့ ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ ချစ်တဲ့ ပရိသတ်ကြီးက မျှဝေပေးသွားဖို့ မမေ့ပါနဲ့နော်။

Source – Zay Thiha’sfb

(Visited 3415 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ