Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နည်းနည်းကြွားမယ်နော် ဆိုတဲ့ အေသင်ချိုဆွေ

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နိုင်ငံကျော်အဆိုတော်လဲဖြစ်တဲ့ အဆိုတော်သရုပ်ဆောင်အေသင်ချိုဆွေဟာ သီချင်းတွေကိုပြန်လုပ်နေပြီး သူမချစ်တဲ့သမီးလေးနဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ သူမက Single Mom တစ်ယောက်အဖြစ်ရပ်တည်နေပေမယ့် သတ္တိရှိရှိနဲ့ရပ်တည်နေတဲ့သူလဲဖြစ်ပါတယ်။ ယနေ့မှာတော့ အေသင်က သူမရဲ့ အိမ်မက် ၃ခုအကြောင်းကိုပြောပြလာပါတယ်။

အေသင်ပြောခဲ့တာက ” ကျွန်မမှာအိပ်မက် ၃ခုရှိတယ်၊ အဲ့ဒီ၃ခုကို ကျွန်မ အသက် ၃၀ မပြည့်ခင်မှာ အကောင်အထည်ဖော်နိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ထားတယ်။ အဲ့ထဲက တတိယမြောက်အိပ်မက် ဖြစ်တဲ့ “အိမ်”အိမ်ဆိုတာ လူတယောက် ဒါမှမဟုတ် မိသားစု တခု အတွက် သိပ်ကို အရေးပါတဲ့ အရာတခုပါ”

” ကျွန်မ သူများတွေလို အဝတ်အစားBrand ဘာဘရန်းညာဘရန်း လုံးဝမမက်ဘူး၊စိတ်လဲမဝင်စားဘူး၊ စိန်ရွှေငွေလက်ဝတ်ရတနာလည်း နိုးပဲ(အမေက လူကြားသူကြားသွားရမာမို့ ဆင်ရင် ထွက်ပြေးနေတုန်းအခုထိ) ။ အမေဆိုအမြဲပြောတယ် နင်မိန်းခလေးဖြစ်ပြီး ရွှေမကြိုက် ငွေမကြိုက်နဲ့ ဘယ်လိုမိန်းမလဲတဲ့။ ဒါပေမဲ့ကျွန်မမှမမက်တာလေ နော်”

“ကျွန်မမက်တာက ပြီးပြည့်စုံတဲ့အိမ်တလုံးပဲ၊ ကြီးကျယ်ခမ်းနားစရာမလိုဘူး၊ အိမ်ထဲဝင်လိုက်တာနဲ့ နွေးထွေးမှုအပြည့်နဲ့ ကိုယ့်ကို စောင့်ကြိုနေတဲ့ နေချင်စရာအိမ်လေးဖြစ်ရင်ရပြီ။ (ကဲ ထားပါတော့) အခုကျွန်မအိမ်လေးကို Fully decoration မလုပ်နိုင်သေးပေမဲ့ Dream Decor Co., Ltd. – Design & Furniture Production ရဲ့အကူအညီနဲ့ ကိုယ်တတ်နိုင်တဲ့ budget ထပ်ကို ပိုကောင်းမွန်တဲ့ kitchen decoration လေးကိုပိုင်ဆိုင်နိုင်ခဲ့ပြီ”

” အဲ့ဒီအတွက် စိတ်ရှည်သီးခံပြီး ရတဲ့budget ကနည်းနည်း နဲ့Client က တောင်းဆိုသမျှ ကြိုးစားပြီးအကောင်းဆုံးလုပ်ဆောင်ပေးတဲ့ Dream Decor Co.,Ltd. Team ကို 🙏🏻🙏🏻ကျေးဇူးအများကြီးတင်ပါကြောင်း ပြောကြားရင်း.. ခတ္တခဏနီကျုးခုတ်ပါတယ်ရှန် 😝😝” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

အေသင်ချိုဆွေဟာ သူမ ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရင်း အိမ်မက် ၃ခုရှိကြောင်းကို ပြောပြလာခဲ့ပါတယ်။ အေသင့်ကိုချစ်တဲ့ ပရိသတ်တွေက မျှဝေသွားဖို့မမေ့ပါနဲ့ ။

Source – athen cho swe’sfb

(Visited 5778 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ