Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နဂါးရုံဘုရား ကို သိန်း(၃၀၀)ကျော် မတည်ကာ တည်ဆောက်လှူဒါန်းခဲ့တဲ့ နေခြည်ဦး

Beauty Blogger မလေးအဖြစ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပြီး ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် အားလုံးကကပိုပြီးသိရှိလာခဲ့ပြီဘဲဖြစ်ပါတယ်။ သူမဟာ ဇန်နဝါရီလ (၂၅) ရက်နေ့က အသက် (၂၈) နှစ်ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ မွေးနေ့မှာ မွန်မြတ်တဲ့အလှူဒါနတွေကိုလဲ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ မိခင်ဖြစ်သူရဲ့ဇာတိ မြေဖြစ်တဲ့ မွန်ပြည်နယ်၊ ဗောဓိကိုးထောင် ဆရာတော်ဘုရားကြီးရဲ့ အောင်ရတနာကျောင်းတိုက်မှာ နဂါးရုံဘုရားတည်ဖို့ မတည်ငွေ ကျပ်သိန်း (၃၀၀) ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မရမ်းကုန်းရွာ စာသင်ကျောင်း အတွက် လိုအပ်နေတဲ့ ရေသန့်စက်အလှူငွေ ကျပ်(၁၅) သိန်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မတည်အလှူငွေ ကျပ်သိန်း (၁၁၀) နဲ့ ကျောင်းသူ၊ ကျောင်းသားပေါင်း (၉၁၀) ဦးတို့ အတွက်လဲ စာရေးကိရိယာများ လှူဒါန်းခဲ့တယ်လို့ဆိုကာ သူမရဲ့ my day မှာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

​နေခြည်ဦးဟာ ရန်သူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးပေါင်းများစွာကို ရိုက်ကူးလာရသလို ဇာတ်လမ်းတွဲတွေလဲ ရိုက်ကူးလာ တာကို တွေ့မြင်ရမှာပါ။

ချီချီရဲ့ ချစ်ပရိသတ်တွေက သူမရဲ့ မွေး​နေ့အတွက် ဆုတောင်းပေးကြရင်း အလှူအတွက်လဲ သာဓုခေါ်ပေးလိုက်ကြပါဦးနော်။ ဖတ်ရှုပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 4930 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ