Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒွေးကို သတိရတယ်လို့ ဆိုတဲ့ ဖြိုးဝေစိုး

တစ်ချိန်က အနုပညာလောကမှာ နံပါတ်တစ်နေရာ မှာရှိနေခဲ့ပြီး အနုပညာရှင်အချင်းချင်းကတောင် သူ့ကို အားကျနေခဲ့ရတဲ့ ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒွေးကို သရုပ်ဆောင် ဖြိုးဝေစိုးက ပြန်လည်သတိရမိနေတယ် ဆိုတဲ့ အကြောင်းလေးရေးသား လာပါတယ်။ ဒွေး နဲ့ ဖြိုးဝေစိုး တို့ဟာ ရုပ်ရှင်ကားပေါင်းများစွာကို အတူတူ ရိုက်ကူးပုံဖော်ခဲ့ကြတဲ့ အနုပညာညီအစ်ကိုတွေလဲ ဖြစ်ပါတယ်။

ဖြိုးဝေစိုး တစ်ယောက် သတိရခဲ့ရတဲ့ အကြောင်းအရင်းကတော့ Channel k မှာ ပြန်လည်ပြသခဲ့တဲ့ ဒွေးရယ် အိန္ဒြာကျော်ဇင်ရယ် ၊ သူရယ် ပါဝင်ရိုက်ကူးထားတဲ့ ချည်နှောင်ခဲ့သောခြေရာ ဆိုတဲ့ ဇာတ်ကားကြောင့် ဖြစ်ပါတယ်။ သူရေးသားခဲ့တာကတော့ “ ဒီကားလေးကြည့်မိတော့ အဲဒီနေ့ကဒီဇာတ်ဝင်ခန်းရိုက်တဲ့အချိန်ကိုသတိရတယ်ဗျာ ၊ ကျွန်တော် ဘယ်လောက် မှားမှားတချက်လေးမှအပြုံးမပျက် အဲဒီအချိန်က သေချာမသင်ယူမိတာနောင်တရမိပါတယ် ။ အကို သတိရတယ်ဗျာ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဒွေးဟာ ၂၀၀၇ ခုနှစ်မှာ ရုတ်တရက် ကွယ်လွန်ခဲ့ပြီး ယခုဆိုရင် ၁၂နှစ်တိုင်ရှိခဲ့ပါပြီး။ အချိန်တွေ ကြာနေခဲ့ပေမယ့် ယနေ့အချိန်ထိ ဒွေးကို သူ့ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကလူတွေကပါ ယနေ့ချိန်ထိ ချစ်မြတ်နိုးစွာ သတိရနေကြပါတယ်။

ချစ်တဲ့ပရိသတ်ကြီးကလဲ သတိတရရှိနေသေးတယ်ဆိုရင် တစ်ခုခုပြောခဲ့ပေးကြပါနော်။ ဖတ်ရှု့ပေးကြသူတွေ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – phyongesoe’s fb

(Visited 396 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ