ဒေါ်စိုးယုေ၀ ရဲ့ ခင်ပွန်း စင်ကာပူနိုင်ငံတွင် ကွယ်လွန်

Miss Universe Myanmar Organization ရဲ့ National Director ဖြစ်သူ ဒေါ်စိုးယုဝေဟာ အလှမယ်ပြောင်းများစွာကို မွေးထုတ် ပေးနေသူဖြစ်ပြီး မကြာသေးခင်ကမှလဲ (၇)ကြိမ်မြောက် Miss Universe Myanmar ပြိုင်ပွဲကြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒေါ်စိုးယုဝေရဲ့ လုပ်ရက်မှန်သမျှကို အမြဲတမ်းအားပေးပြီး ဂုဏ်ယူနေတက်တဲ့ ခင်ပွန်းဖြစ်သူ ဦးတင်မောင်အေးဟာ ဇူလိုင်လ (၁၅)ရက်နေ့က မြန်မာစံတော်ချိန် ၅နာရီ နဲ့ ၃၇ မိနစ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ သူမခင်ပွန်းဟာ စင်ကာပူမှာဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဒေါ်စိုးယုဝေဟာ အလှမယ်များစွာကို မွေးထုတ်ပေးနေသူဖြစ်ပြီး အလှမယ် ရွှေအိမ်စည်ရဲ့ သရဖူးသိမ်းနဲ့ ကိစ္စကနေစပြီး အချငါးချင်း အပြန်အလှန်တရားစွဲဆိုမှုတွေရှိခဲ့ပြီးနောက် ပရိသတ်တွေကြား နာမည်ကျော်သူလဲ ဖြစ်ပါတယ် ။

စင်ကာပူမှာ ကွယ်လွန်ခဲ့တဲ့ ရုပ်အလောင်းကို ယနေ့မှာတော့ မြန်မာပြည်ကိုပြန်လည်သယ်ဆောင်လာပြီ ဖြစ်ပြီး ဇူလိုင်လ(၁၇)ရက် နေ့ညနေ ၃နာရီအချိန် ရေဝေးသုသာန်မှာ မီးသဂြိုလ်မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒေါ်စိုးယုဝေနဲ့ ကွယ်လွန်သူ ဦးတင်မောင်အေး တို့မှာ သားသမီး ၄ယောက်ရှိတယ်လို့သိရပါတယ်။ ဦးတင်မောင်အေး အသက် (၆၃) ဟာ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ (စင်္ကာပူစံတော်ချိန် ၇နာရီ ၇မိနစ)် (မြန်မာစံတော်ချိန် ၅နာရီ ၃၇ မိနစ်) ၊ Gleneagles Hospital မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဒေါ်စိုးယုေ၀ အပါအဝင် မိသားစုဝင်းအားလုံးနဲ့ ထပ်တူထပ်မျှ ဝမ်းနည်း ရပါတယ်။ ကွယ်လွန်သူ ကိုတင်မောင်အေး ကောင်ရာဘုံဘဝသို့ ရောက်ရှိပါစေ လို့ ဆုမွန်ကောင်းတောင်းပေးပါနော်။ ဖတ်ရှု့ပေးတဲ့ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Hnin Thway Yu Aung’sfb

(Visited 27099 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ