Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒေါင်းကို ချီးကျူးစကားဆိုလိုက်ပြန်တဲ့ ကိုပေါက်

ပရိသတ်တွေကြား လူပြောများနေတဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဒါရိုက်တာကိုပေါက်က သူ့ရဲ့အမြင်နဲ့ ချီးကျူးစကားတွေကို ခုလိုဘဲပြောပြလာခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ရုပ်ရှင်တစ်ကားလုံးမှာ ကာရိုက်တာတွေရဲ့စိတ်ကို ပေါ်လွင်အောင်ရိုက်ကူးထားတာဖြစ်လို့ အရမ်းသဘောကျမိပါတယ်လို့ ပြောခဲ့တာပါ။

ဖွင့်ဟဝန်ခံသွားတဲ့မိန်းမတစ်ယောက် လို့အစချီကာ ” ဒီရုပ်ရှင်မှာ ယုမော်ရဲ့စိတ်၊ သက်နှင်းအိမ်ရဲ့စိတ်၊ ကိုအောင်ရဲ့စိတ်၊ သူတို့တွေရဲ့စိတ်နဲ့အတူ ဦးပွားရဲ့စိတ်ကိုလဲ လှမ်းမြင်ရတယ်။ ဆရာမဂျူးရဲ့စိတ်ကိုလည်းမြင်ရတယ်။ အဲ့ဝတ္ထုကိုရေးခဲ့တဲ့စိတ် အခုခေတ်ဇာတ်ညွှန်းခွဲရတဲ့စိတ်တွေပေါ့။ ရုပ်ရှင်ကရုပ်ရှင် ဝတ္ထုကဝတ္ထုဆိုတဲ့ စိတ်”

“ပရိုကျူ ဆာတွေပြောပြောနေတဲ့ ဇာတ် ဇာတ် ဇာတ်ဆိုတာတွေ။ ဇာတ်ဆိုတာက လူတိုင်းရိုက်လို့ရတယ်။ စိတ်တွေကိုပေါ်အောင်ရိုက်ပြဖို့က ခက်တယ်။ ရင်ထဲမှာကွယ်ပြီးရှိနေတဲ့ စိတ်တွေကိုမြင်ရအောင် ဒါရိုက်တာကရိုက်ပြတယ်”

“ယုမော်ရဲ့စိတ်ကို ဒေါင်းကပြတယ်။ ဒေါက်တာသက်နှင်းအိမ်ရဲ့စိတ်ကို သုသုကပြတယ်။ ကိုအောင်ရဲ့ စိတ်ကို စိုင်းဆီတွမ်ခန်းက ပြတယ်။ သူတို့တွေအားလုံးရဲ့စိတ်တွေအားလုံး အသေးစိတ် နီးနီးမြင်နေ ရတယ်။ သုသုကပြောစရာမလိုဘူးကောင်းပြီးသား။ သက်နှင်းအိမ်ဖြစ်တယ်။ သဘာဝနဲ့ အနီးစပ်ဆုံးမှာရှိတယ်။(ဒါပေမယ့် ဝတ္ထုထဲက သက်နှင်းအိမ်က ရုပ်ရှင်ထဲကလောက်မငိုဘူးလားလို့)သူက စိတ်မာတယ်လေ။ ရုပ်ရှင်ဆန်အောင် သရုပ်ဆောင်တာလည်းပါမှာပေါ့”

“ဒေါင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားခဲ့တာက နောက်တက်လာမယ့် မင်းသားနေရာအတွက်။ အများကြီးမျှော်လင့်ခဲ့တယ်။ ဒဏ္ဍာရီမိုး ၊လေဆန်ကကြိုး ၊လိပ်ပြာစံအိမ်၊ 1014 တွေကို ဂရုတစိုက် သေချာသွားကြည့်ခဲ့ပေမယ့် ရင်ထဲကိုမရောက်ခဲ့တော့ ဒေါင်း ဒေါင်း ဒေါင်း ဆိုပြီးပြောနေတဲ့မင်းသားတစ်ယောက်နေရာအတွက်စိတ်ပူခဲ့တယ်”

“မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် မှတော့ ဦးပွားလက်နဲ့ ဒေါင်း ကိုရှာတွေ့ခဲ့ပါပြီ။ သူဟာ အများကြီးထိုးဖောက်ဝင်ရောက်လာမယ့် အလားအလာရှိသော မင်းသားတလက်ဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းရဲ့ စိတ်ခံစားမှုကတော့မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် ကိုကြိုက်တယ်။ သွားကြည့်ဖို့ကောင်းသောရုပ်ရှင်ဖြစ်ပါတယ် နောင်တရစေမယ့် ရုပ်ရှင် မဟုတ်ပါဘူး။ သွားကြည့်ဖို့မမေ့ပါနဲ့”

“ကိုယ်ကပဲ ခေတ်မမှီတာများလား မသိ🎥🎥🎥 focus မပြတ်အောင် ရိုက်ကြတဲ့ ကိုကိုတွေရဲ့စိတ်ကိုတော့မြင်လိုက်တယ်။ (captain phillips ) ရုပ်ရှင်လောက ကြီးအောင်မြင်တိုးတက်ကြ ပါစေ” လို့ ဆိုကာ အသေးစိတ်ကြီးကို သုံးသပ်ပြောကြားခဲ့ပါတယ်။

ကြည့်ရူ့ပြီးတဲ့ပရိသတ်တွေကရော ယူတို့ရဲ့စိတ်ကိုဖမ်းစားနိုင်တာက ဒေါင်း လား၊ ပိုင်ဖြိုးသုလား ၊ စိုင်းစည်တွမ်းခမ်းလား ဆိုတာကို ပြောပြခဲ့အုံးနော်။ မကြည့်ရသေးတဲ့ ပရိသတ်တွေကလဲ ဘယ်သူ့ကိုများအားပေးချင်တာလဲ လို့ ပြောခဲ့ပါနော်။

Snow(mcc)
Source – ကိုပေါက်’sfb

(Visited 1024 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ