ဒေါက်ဖိနပ်စီးပြီး ဖင်လိမ်လျှောက်တဲ့ သူကို ဝေဖန် လိုက်တဲ့ လှနုထွန်း

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ ဖိလစ်ပိုင် နိုင်ငံသား Sinon ဟာ မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေ ကိုကူညီနေသလို သူ့ရဲ့ စိတ်ထားဖြူစင်မှုတွေကိုလဲ မြန်မာပြည်သူပြည်သားအများစုက မြင်တွေ့ကာ ချစ်ခင် အားပေးနေကြတာဖြစ်ပါတယ်။ သူဟာ ဘော်ဒီအမိုက်စားနဲ့ ဒေါက်ဖိနပ်အမြင့်ကြီးစီးကာ ပရိသတ်ကို ဖျော်ဖြေပေးတက်တဲ့ sinon နဲ့ပတ်သက်ပြီး လှနုထွန်းကတော့ ပုတ်ခတ်ဝေဖန်လာခဲ့ပါပြီ။

လှနုထွန်း ဆိုတာကတော့ ခင်ပွန်းကချစ်တဲ့ အကြောင်းတွေ ခင်ပွန်းကိုချစ်တဲ့အကြောင်းတွေ​ အပြင် အိမ်ထောင်ရေးသာယာဖို့ လုပ်ဆောင်သင့်တဲ့ အကြောင်းအရာတွေကို အိမ်ရှင်မတွေထံ ဝေမျှအကြံပေးနေသူဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ်လေးတွေကို မွေးထုတ်ပေးတဲ့ သူလဲဖြစ်ပါတယ်။

Sinon ကို သူမဝေဖန်လိုက်ပုံကတော့ ” ဒေါက်ဖိနပ်စီးတဲ့ ယောက်ျားကို နမူနာအနေနဲ့ ထားတာဟာ မီ ရုပ်ရှင်မှာ ဆေးလိပ်သောက်ပြတာထက် အဆထောင်သောင်း မက အန္တရာယ်ရှိပါတယ်။ ဆေးလိပ်သောက်ပြီး သေတဲ့ မင်းသမီး ဇာတ်ကားကျတော့ ဝိုင်းကန့်ကွက်တယ် “

“ကျားကျားယားယားကြီး ဖင်လိမ်လျှောက်တော့
အားပေးကြတယ် အဲ့ဒါ သူ မြန်မာမဟုတ်လို့ဖားချစ်ချစ်တာ ဖြူစင်တဲ့ စိတ်ဓာတ်ကို ချစ်တယ်ဆို တခြားဖြူတဲ့ လူတွေလည်း လိုက် Share လိုက်ချစ်ပြလေ”

“သားယောက်ျားတွေ အားလုံး ဒေါက်စီးပြီးဖင်လိမ်လျှောက်ရင် ကြော်ငြာဖို့ဝင်ငွေရတယ်။ လူတွေ ချစ်တယ် ။ပိုက်ဆံရတယ် လို့ယုံကြည်လာကြလိမ့်မယ်။ ကျမ သားမရှိဘူး။ ကျမ စိတ်မပူဘူး။ ဒါပေမယ့် ကျမ သူ့ကို အားမပေးဘူး။ဒါ တိုင်းပြည် ကို အနုနည်းနဲ့လုပ်ကြံနေတာ” လို့ဆိုကာ ပြောဆိုဝေဖန်လိုက်ပါတယ်။

Sinon ရဲ့ ချစ်ပရိသတ်တွေကတော့ သူမရဲ့ဝေဖန်မှုကို ဝိုင်းဝန်းတိုက်ခိုက်နေကြပါတယ်။ ဖတ်ရှု့ပေးတဲ့ ချစ်ပရိသတ် တွေကိုကျေးဇူးပါနော်။

Snow(mcc)
Source – hla nu tun’sfb

(Visited 5254 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ