ဒုတ်ကောက် မယူချင်တဲ့ အဖွား အကြောင်းပြောပြလာတဲ့ စမိုင်းလ်

ရုပ်ရှင်တစ်ခေတ်မှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ အန်တီခင်လေးဆွေဟာ လက်ရှိမှာတော့ အသက်ကြီးလာပေမယ့် မပျက်ဆီးသေးတဲ့ မင်းသမီးကြီးတစ်ဦးပါ။ မင်းသမီးကြီး အန်တီ ခင်လေးဆွေဟာ မြေးဖြစ်သူ စမိုင်းလ် တို့မိသားစုနဲ့ အတူ နေထိုင်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလဲပိုင်ဆိုင် ထားသူလဲဖြစ်ပါတယ်။

စမိုင်းလ်က အဖွားဖြစ်သူကို အမြဲဂရုစိုက်တက်သူဖြစ်သလို ယခုအခါမှာလဲ ဒူးနာနေတဲ့ အဖွား အတွက် ဒုတ်ကောက်လေးဝယ်ပေးမိရာက ဖြစ်ခဲ့တဲ့ အဖွားနဲ့ မြေးဖြစ်သူရဲ့ကြားက အဖြစ်အပျက်လေးတစ်ခုကို ပြောပြလာခဲ့ပါတယ်။

ဖြစ်ပုံလေးကတော့ ” ဒူးမကောင်းလို့ဒုတ်ကောက်ဝယ်ပေးတာကို အဖွားကြီးနဲ့တူလို့မယူချင်ဘူးဆိုတော့ အဖွားကအခုငယ်သေးတယ်လို့ ကွကိုယ်ထင်နေတုန်းပေါ့ 🤔” လို့ ဆိုကာ ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ သူတို့မြေးဖွားတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မျှဝေသွားဖို့မမေ့ပါနဲ့ ။

Snow(mcc)
Source – Smile’sfb

(Visited 2791 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ