Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ့် အုပ်စိုးခန့်

လူငယ်တစ်ယောက်ဖြစ်တဲ့အလျှောက် ချစ်စရာကောင်းတဲ့ သီချင်းတွေကို ဖန်တီးပုံဖော်ရင်း ပရိသတ်များစွာရရှိလာခဲ့တဲ့ အဆိုတော် အုပ်စိုးခန့်က ယခုနောက်ပိုင်းသရုပ်ဆောင်အဖြစ်တွေ့မြင်လာရပါတယ်။ သူရဲ့ ကိုယ်ပိုင်သံစဉ်တွေမှာလဲ MV အနေနဲ့ ရိုက်ကူးထားတွေရှိသလို ရုပ်သံဇာတ်လမ်းတွဲတွေမှာလဲ သရုပ်ဆောင်လာတာကိုတွေ့မြင်ရမှာပါ။

ပထမဆုံးနေနဲ့ အိမ်မက်တွေမိုးထားတဲ့ အိမ် ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ပြီး အဆိုပါဇာတ်ကားဟာလဲ ပြသနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲ အနေ နဲ့ ကျွန်မ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ကိုလဲ ရိုက်ကူးပုံဖော်တော့မှာဖြစ်ပါတယ်။

ဒုတိယ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ ကျွန်မ ရုပ်သံဇာတ်လမ်းတွဲကို အုပ်စိုးခန့် အပါအဝင် ဟိန်းဝေယံ၊ အေးဝတ်ရည်သောင်း ၊ အုပ်စိုးခန့် ၊ညီနန္ဒ၊ သန္တာဗိုလ် ၊ ယွန်းမှီမှီကျော် ၊သျှားထွဋ်အိန္ဒြာ၊ လီလီကျော်ခိုင် တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Snow(mcc)
Source – Oak Soe Khant’sfb

(Visited 361 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ