Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီ့ထက်ပိုပြီး မဝေးချင်ဘူး ဆိုကာ နွယ်ဒါလီထွန်းကို ဖွင့်ပြောလိုက်တဲ့ ပိုင်တံခွန်

အမျိုးသမီး ပရိသတ်တွေရဲ့ အသည်းကျော် ပိုင်တံခွန်က သူ့ရဲ့ပရိသတ်တွေကို ကောင်မလေးတွေနဲ့ အမြဲတမ်းစနောက်လေ့ရှိပါတယ်။ သူက စကားသံဝဲ၀ဲလေးနဲ့ စမတ်ကျတဲ့ မော်ဒယ်ကောင်လေးတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက အသဲအသန်ကိုကြွေနေကြတာလဲဖြစ်ပါတယ်။ ယနေ့မှာတော့ သူချစ်တဲ့ မနဲ့ မဝေးချင်ဘူးဆိုတဲ့ စာသားလေးနဲ့အတူ နွယ်ဒါလီထွန်းရဲ့ ပုံရိပ်လေးတွေကိုလဲ သူက ဖော်ပြကာ သူမရဲ့ အကောင်းကိုပါ tag တွဲပြီး တင်ခဲ့တာဖြစ်ပါတယ်။

နွယ်ဒါလီထွန်းဟာလည်း ပရိသတ်တွေကြားမှာ အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် အဖြစ်နာမည်ကြီးပြီး အမျိုးသားပရိသတ် အခိုင်အမာရရှိထားတဲ့ မော်ဒယ်မလေးတစ်ယောက်ပါ။ ယခုလို ပိုင်တံခွန်က ဖွင့်ပြောလိုက်တဲ့အပေါ်မှာ သူ့ရဲ့ပရိသတ်တွေကတော့ အသည်းတွေကွဲနေကြတာပေါ့။

ဒါပေမယ့်လဲ ဒီနေ့က April Fool Day ဖြစ်တာမို့ သူပြောတာ အတည်လားနောက်တာလားဆိုတာကိုတော့ နောက်ပိုင်းမှာ ဆက်လက် နားစွင့်နေလိုက်ကြပါနော်။ ပရိသတ်ကို အသည်းယားအောင် သူပြောလိုက် တာကတော့ “ဒီ့ထက်ပိုပြီး မဝေးချင်ဘူး မ” တဲ့လေ ။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 3593 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ