Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီအမှုက ရှင်းနေရဲ့သားနဲ့ ဘာလို့ကြာနေတာလဲ လို့မေးလိုက်တဲ့ ပိုးအိအိခန့်

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော ပိုးအိအိခန့်ဟာ သူမချစ်တဲ့ ဘောလုံးသမားလေး အောင်သူနဲ့ လက်ထပ်ခဲ့ပြီးနောက်အနုပညာအလုပ်တွေ အနည်းငယ်လျှော့နည်းသွားခဲ့ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အခိုင်အမာရှိထားတာလဲဖြစ်ပါတယ်။ သူမက နေပြည်တော်ရဲ့ သက်ငယ်မူဒိန်းမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်လာစေဖို့ ဘာကြောင့် ကြံ့ကြာနေလဲ ဆိုကာမေးမြန်းလာခဲ့ပါတယ်။

သူမမေးထားတာကတော့ ” မဟုတ်ပါဘူးကွာ……ဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက ဒီလောက်တောင် အခြေအနေ ဆိုးနေရသလား…..သက်ငယ်မုဒိန်းဆိုတာက ကိုယ့်ရဲ့ သွေးသားအရင်းမှ မဟုတ်ဘူး။ သက်ငယ်မုဒိန်းဟေ့ဆိုပြီး ကြားလိုက်ရတာနဲ့ အသဲထဲမှာ တစ်ဆတ်ဆတ်နဲ့ တုန်နေအောင် ဒေါသတွေထွက် အသည်းတွေ နာရတဲ့ အထိ ဖြစ်တဲ့ အမှုမျိုးပါ….. ”

” ဒီအမှုကြီး ဒီလောက်ရှင်းနေတာ ဒီလောက်ကြာနေစရာလိုလို့လား…ဖုံးဖိပေးနေကြတာလား…မဖုံးမဖိပေးကြဘူးဆိုရင်လည်း သမီးလေးအဖေရဲ့ ထွက်ဆိုချက်တွေမှာ ( နေရာ ၃ နေရာ ၊ လူ ၁၀ ယောက် ) ဒီဟာလေးကြားထဲမှာ ဒီအမှုက ဒီလောက်တောင်ခက်နေရသလားဟာ…တနေ့ တနေ့ ဆရာသက္ကတင်တဲ့ စာတွေ စောင့်ဖတ်ရင်း ရင်တွေနာ ရင်တွေမော သမီးလေးမိဘနေရာကို ဘယ်လိုမှတောင် မစဉ်းစားနိုင်တော့ဘူး ဘယ်လောက်တောင်ခံစား ယူကြုံးမရ ဖြစ်နေရမလဲလို့……”

” ဒီကိစ္စမှာ လူမမယ် သမီးလေးကို မုဒိန်းကျုးလွန်တဲ့ကောင်ရယ် ကျုးလွန်တာမြင်လိုက်တဲ့ မျက်မြင်သက်သေရယ်။ ကျုးလွန်တဲ့ မုဒိန်းကောင်ကိုသိသွားပီးတဲ့နောက် အတတ်နိုင်ဆုံး သိသိကြီးနဲ့ လိုက်ဖုံးလိုက်ဖိပေးတဲ့သူတွေရယ်(ဟုတ်ရင်နာ မဟုတ်ရင်မနာနဲ့) ဒီဘဝမှာ မင်းတို့ လူလာဖြစ်တာ အရမ်းကို အံ့သြမိပါတယ်….. လူဖြစ်လာတာ လူစိတ်ရှိဖို့လိုမယ်…. လူဖြစ်လာပြီး လူစိတ်မရှိရင် လူ့တိရိစ္ဆာန်တွေပါပဲ…..” လို့ ပြောလိုက်တဲ့ သရုပ်ဆောင်ပိုးအိအိခန့် ကပြောပြလာပါတယ်။

ဖတ်ရှု့ပေး ကြတဲ့ ချစ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော် ။

Source – poeeieikhant’sfb

(Visited 2891 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ