Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီလို အချိန်မှာ ကြည့်ရှု့နိုင်စေဖို့ အကောင်းဆုံးသော ဇာတ်လမ်းတွဲနဲ့ မိတ်ဆက်ပေးတဲ့ လင်းလင်း

လတ်တလောမှာဖြစ်ပွားနေတဲ့ covid -19 ကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနေပြီး သေဆုံးမှုတွေလဲ ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီကပ်ရောဂါကြီးဟာ ယခုဆိုရင် မြန်မာနိုင်ငံ မှာလဲ ရောဂါပိုးတွေ့ရှိသူ ၁၆ဦးထိရှိလာခဲ့ပါပြီ။ ဒီလိုရောဂါဆိုးကြီး ကူးစက်လာတာကြောင့် အိမ်မှာနေကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာကြောင့် အိမ်မှာနေရင်း ရုပ်ရှင်ကြည်ဖို့ ဇာတ်ကားကောင်းလေးတွေ လမ်းညွှန်လိုက်ပါတယ်။

သူက ” ဒီလိုအချိန်,ဒီကာလ အပြင်သိပ်မထွက်ဖြစ်တဲ့ ရောင်းရင်း မိသားစုတွေကိုရုပ်ရှင်ကြည့်တာ ဝါဿနာပါရင် မဖြစ်မနေဒီစီးရီးဇာတ်ကားတွဲကြည့်ဖို့ အကြံပေးချင်ပါတယ် အညွှန်းမပြောတော့ဘူး။ ဘဝမှာအသက်ရှင်နေထိုင်ရခြင်း အကြောင်းအရင်းက ဘယ်သူ့အတွက်? ဘာအတွက်? လဲ။ ခေါင်းစဉ်တစ်ခုအတွက် ကိုယ်ရွေးချယ်လိုက်တဲ့ အသက်ရှင်နေထိုင်ခြင်းမှာ အမှန်တစ်ကယ်ရော အဲဒီခေါင်းစဉ်အတွက်လား? ကိုယ့်အတွက်လား?”

” ‘ မိသားစုအတွက် ‘ ဆိုတဲ့ခေါင်းစဉ်ဟာ လူ့ဘဝကြီးမှာ လေကိုရှိုက်သွင်းအသက်ရှူနေရခြင်း အကြောင်းပြချက်အတွက် ခိုင်မာမှုအရှိဆုံးလား?။ နေပါဦး,,, ‘မိသားစု’ ဆိုတာကြီးကို ကျွန်တော်တို့ ဘာ့အတွက်ဖန်တီးကြတာလဲ။ တစ်ကယ်ရော ဒီခေါင်းစဉ်ထဲမှာ ကိုယ့်အတွက် မပါဘူးလား။ ကိုယ့်ပါဝင်မှုကရော မိသားစုအတွက် တစ်ကယ်လား”

” ” Breaking bad “ ဘဝမှာ မသေခင်ကို အဆုံးထိ ကြည့်သွားသင့်တဲ့ စီးရီးဇာတ်ကားပါ။ (ကိုယ့်အကြိုက်ပြောတာနော်)အပူတွေနဲ့ တည်ဆောက်ထားတဲ့ဘဝ။ ရွေးချယ်မှု၊ လိုအင်၊ လူသားဆန်စွာ ညစ်ပတ်မှု၊ မေတ္တာတရား၊ ချစ်ခြင်း၊ ဒုက္ခ၊ကောက်ကျစ်၊သံယောဇဉ်၊ယုတ်မာ၊ဂလဲ့စား အို,,, များစွာသော ရသတွေနဲ့။ 2014 မှာ အကောင်းဆုံး TV စီးရီး ဆုနဲ့ အဓိက actor ဆုရောရတဲ့အပြင်nominations ပေါင်း 234 နဲ့ ” breaking bad “ tv စီးရီး,,ဆုံးဖြတ်ပြီးရင်တော့ အဆုံးထိ ကြည့်စေချင်တယ်”

” ကြည့်ပြီးသွားတဲ့လူဆိုရင်တော့ 2019 မှာ Netflix ကနေထွက်ရှိလာတဲ့ ” El Camino “ ကို မဖြစ်မနေထပ်ကြည့်ပေါ့။ ဒီဇာတ်ကားရဲ့ တစ်စိတ်တစ်ဒေသကို Netflix က ထပ်မံတင်ပြတာပါ။ Breaking bad စီးရီးနဲ့ပတ်သတ်ပြီး ရေးချင်တာတွေတော့ အများကြီး။ သို့သော် ဒီလောက်ဘဲ ရေးပြီးကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်တွေကရော အိမ်မှာနေပြီး ဘာရုပ်ရှင်ကားတွေ ကြည့်ဖို့ စုဆောင်းထားကြပြီးပြီလဲ ဆိုတာ ပြောပြခဲ့ကြပါအုံး။ နောင်ပြီး ဇာတ်ကားကောင်းလေးတွေရှိရင် ညွှန်ပေးခဲ့ကြပါအုံးလို့ ။ ဒါနဲ့ ပရိသတ်ကြီး လက်ဆေးဖို့မမေ့နဲ့နော်။

Snow(mcc)
Source – လင်းလင်း

(Visited 701 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ