Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီနှစ် မွေးနေ့မှာ အမှတ်တရတွေ များတယ်လို့ ဆိုလာတဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းဟာ သူ့ရဲ့မွေးနေ့မှာ သူမရဲ့ ကိုယ်ပိုင်အလှူအဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုအခါမှာတော့ Channel Kရဲ့ အစီအစဉ်နဲ့ ကဒုတိယမြောက်မွေးနေ့အလှူ အဖြစ် ဒီနေ့ ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာရောဂါဌာနမှာ နေ့လယ်စာထမင်းဟင်း၊အရုပ်နဲ့အချိုရည်တွေလှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုနှစ်ဟာ သူမရဲ့ ထူးခြားတဲ့မွေးနေ့ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ရေးသားခဲ့ပါတယ်။

သူမရေးသားခဲ့တဲ့ အပြည့်အစုံကတော့ “ ဒီနှစ်မွေးနေ့ကတော့အမှတ်တရပါပဲ မွေးနေ့အလှူ ကိုနှစ်ခါ ပြန်လုပ်ခွင့် ရခဲ့ပါတယ်။ Channel K ရဲ့ Ambassador တစ်ယောက်ဖြစ်တဲ့ ဖြူဖြူ့ကို Channel K ကဒုတိယမြောက်မွေးနေ့အလှူ အဖြစ်ဒီနေ့ ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့်ကင်ဆာရောဂါဌာနမှာ နေ့လယ်စာထမင်းဟင်း၊ အရုပ်နဲ့ အချိုရည်တွေလှူဒါန်းနိုင်ဖို့ပံ့ပိုးပေးတဲ့အပြင်မွေးနေ့ကိတ်မုန့်ကြီးလည်းလက်ဆောင်ပေးခဲ့ပါတယ်။ ဖြူဖြူနဲ့မိသားစုက လည်း သွေးရောဂါနဲ့ကင်ဆာရောဂါကလေးငယ်များ အတွက်ဆေးနဲ့ဆေးပစ္စည်းများ ဝယ်ယူဖို့ အလှူငွေကျပ်(၅)သိန်း ကိုသီးသန့်ထပ်မံလှူဒါန်းခဲ့ပါတယ်”

“ ဒီနေ့ကဖြူဖြူ့အစ်မ မမညိုရဲ့မွေးနေ့လည်းဖြစ်တာမို့ အမှတ်တရလည်း ဖြစ်ရပါတယ်။ အရွယ်နဲ့မမျှရောဂါ ခံစား နေရတဲ့ သားသားမီးမီးတွေ အမြန်ဆုံးရောဂါသက်သာပျောက်ကင်း ကျန်းမာကြပါစေကြောင်းလည်း ဆုတောင်း ပေးပါတယ်ရှင်?သွေးရောဂါနဲ့ကင်ဆာရောဂါကလေးငယ်များရဲ့ဆေးနဲ့ဆေးပစ္စည်းဝယ်ဖို့အလှူငွေ(၅)သိန်းကျပ်ကိုလည်းလှူဒါန်းခဲ့ပါတယ်ရှင်” ဆိုပြီး အလှူပြုခဲ့တဲ့ ပုံလေးတွေနဲ့အတူ စာလေးတွေရေးသားပြီးတင်ခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကျေးဇူးအထူးတင်ရှိပါတယ်။

Source – phyuphyukyawthein’s fb
Snowpiki(MCC)

(Visited 143 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ