Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီနေ့ကတော့ မိုးမိုးရဲ့ ဒုတိယသားလေးနဲ့ ၁၀၀လပြည့်မွေးနေ့လေးပါ

အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကြားမှာ ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလဲ သူ့ သီချင်းတွေက အောင်မြင်နေဆဲပါဘဲ။ သူဟာ လက်ရှိမှာတော့ အိမ်ထောင်ရေးလဲအရမ်းအဆင်ပြေနေပြီး သမီးတစ်ယောက်သားတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်ကြီးတစ်ယောက်ပါ။

သူက သမီးလေးကို အချစ်ကြီးတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး ယခုအခါမှာတော့ အဖေတူသားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတာမို့ တကယ့်ကို ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။

ယနေ့ဟာတော့ သူ့ရဲ့ သားငယ်လေးကို ရွှေရောင်မိုးတိမ်လွှာလို့ နာမည်ပေးထားပြီး ယနေ့မှာတော့ ရက် ၁၀၀ပြည့်မွေးနေ့လေး ဖြစ်ခဲ့ပါတယ်။သားလေးရဲ့ မွေးနေ့ကို လာရောက်ခဲ့ကြတဲ့ သူတွေကိုလဲ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

မိုးမိုးရေးသားခဲ့တာ ကတော့ ” သားငယ်လေး မိုဂျုး ရက်တစ်ရာပြည့်မွေးနေ့လေး အောင်မြင်စွာပြီးဆုံး၊ ကြွရောက်လာကြတဲ့ မိတ်ဆွေသင်္ဂဟအပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ၊ သားလေး မိုဂျူးအတွက် လက်ဆောင်လေးများပေးကြတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမများ အားလုံး ကျေးဇူးအထူးပါဗျာ ??? ” ဆိုပြီး အမှတ်တရပုံလေးတွေနဲ့ ရေးခဲ့ပါတယ်။

မိုးမိုး ရဲ့ ချစ်ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကိုဖော်ပြပေးလိုက်ပါတယ်။ မျှဝေပေးသွားပါဦးနော်။

Source – Moe Moe’sfb

(Visited 289 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ