Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီတစ်ပတ်မှာတော့ နော်စေးစေးထူးတစ်ယောက် အိမ်ပြန်ခဲ့ရပါပြီ

တစ်ပတ်ထက်တစ်ပတ် ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ခံထားရတဲ့ Myanmar idol season 4 ဟာ ယခုတစ်ပတ်မှာ ဆိုရင် Top 5 ပြိုင်ပွဲဝင်တွေကို ရွေးချယ်ခဲ့ရပြီဖြစ်ပါတယ်။ ယနေ့မှာတော့ ဟေမာန်ဆောင် သီချင်းတွေနဲ့ သီဆိုယှဥ်ပြိုင်ပြီးနောက် Top 6 ပြိုင်ပွဲဝင်တွေ ထဲက နော်စေးစေးထူးတစ်ယောက် ကတော့ အိမ်ပြန်နှုတ်ဆက်ခဲ့ရပါပြီ။

ယခုတစ်ပတ်မှာလဲ Bottom 3 ထိုင်ခဲ့ရတဲ့ သူတွေကတော့ အက်စတာ ၊ နော်စေးစေးထူး နဲ့ ယောကီး တို့ဖြစ်ပြီး အက်စတာနဲ့ ယောကီးတို့ကတော့ save ဖြစ်ခဲ့ကာ နောက်ထက်တစ်ဆင့်ကို တက်လှမ်းခွင့် ရခဲ့တာဘဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာအိုက်ဒေါ မှာ ကျန်ရှိခဲ့တဲ့ ပြိုင်ပွဲဝင် ငါးဦးကတော့ အေးမြဖြူ၊ မူးလာ ၊ အက်စတာ နဲ့ ယောကီး တို့ဘဲ ဖြစ်ပါတယ်။ ဘယ်သူတွေရော နောက်တစ်ပတ်မှာ နူတ်ဆက်ထွက်ခွာသွားပြီး ဘယ်သူက winner ဖြစ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

Myanmar idol တစ်လျှောက်လုံးမှာ အမျိုးသား Winner ဆုရှင်တွေသာ ရှိခဲ့ပြီး ယခု Myanmar idol season 4 မှာတော့ အမျိုးသမီး winner ဆုရှင် ဖြစ်လာနိုင်မယ်လို့ အားလုံးက ဝေဖန်နေကြတာဘဲ ဖြစ်ပါတယ်။ ချစ်တဲ့ပရိသတ်တွေက နောက်တစ်ပတ်တွေမှာလဲ ဆက်လက်ဝန်းရံပေးကြဖို့ မမေ့ပါနဲ့နော် ။

Snow(mcc)

(Visited 1701 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ