Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီတစ်ခါတော့ အကယ်ဒမီနဲ့ မလွဲနိုင်တော့ပါဘူးလို့ ပရိသတ်တွေရဲ့ ဝန်းရံခြင်းခံရတဲ့ ဦးဟိန်းမင်း

ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင် ဦးဟိန်းမင်းဟာ အကယ်ဒမီဆုနဲ့ အကြိမ်ကြိမ်လွဲချော်နေပေမယ့် ယခုရုံတင်ပြသနေတဲ့ ချည်ရုပ်ရှင်ဇာတ်ကားမှာတော့ သူအကယ်ဒမီကို မိမိရရချည် နိုင်လိမ့်မယ်လို့ ပရိသတ်တွေက အားပေးခဲ့ကြပြန်ပါတယ်။ ချည်ရုပ်ရှင် ဇာတ်ကားကို ကြည့်ရှု့ပြီးတဲ့ ပရိသတ်တွေရဲ့ ဦးဟိန်းမင်းအပေါ် မျော်လင့်ချက်တွေကတော့ …..

” ဦးဟိန်းမင်း ကလဲ ရတဲ့အခန်းမှာ ထိထိမိမိ လုပ်ဆောင်သွားတယ် အဝတ်အစား အပြင်အဆင်က အဘိူးကြီးတစ်ယောက်လိုခံစားမိသွားတဲ့အထိ ပြောသွားတဲ့ စကားလုံးတွေကထိမိလွန်းလို့ ဒီနှစ်တော့ ကံကောင်းပါစေ ဦးရေ” လို့ဆိုကာ မင်းသက်ဖြိုးခန့် ဆိုတဲ့အကောင့်ပိုင်ရှင်က ရေးသားခဲ့ကာ

အောင်ကျော်ဇေယျာမိုးဟိန်းထွန်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကလဲ ” ဒီနှစ်မှ အကယ်ဒမီမရရင် ရုပ်ရှင်အလုပ်က နှုတ်ထွက်မဲ့ အဖေကြီးဦးသန်းလှကို ကယန်းတိုင်းရင်းသူလေးက ချည် ” လို့ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ချည်ပရိသတ်တစ်ဦးက ” ဦးဟိန်းမင်းရဲ့သရုပ်ဆောင်မူတွေကလဲ ဇာတ်လမ်းရဲ့ ဇာတ်ပို့နေရာကို တာဝန်ကျေတယ်လို့ပြောရမယ်..ဝါရင့်ပီပီ ကျရာဇာတ်ရုပ်ကို လေးလေးပင်ပင်သရုပ်ဆောင်ချက်တွေက လေးစားမိပါတယ်..ဇာတ်ပို့ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့မြင်မိပြန်တယ်..” တဲ့ ။

” ချည်ဇာတ်ကားကြီးရိုက်နေဆဲ ခါးနာဝေဒနာကြောင့် လွိုင်ကော်သက်ပိုင်အထူးကုဆေးခန်းကြီးမှာ ဆေးလာထိုးလိုက် ရှုတင်ဂျာကြီး ပီသစွာ ရှုတင်ပြေးလိုက်…ကျရာဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ချက်တွေ ပီပြင်တဲ့ ဦးဟိန်းမင်းကြီး အကယ်ဒမီ ရပါစေနော် ” လို့ ဆိုကာ ဦးဟိန်းမင်းကို အသီးသီး အားပေးဝန်းရံထားကြပုံကတော့ အားကျစရာကောင်းလှပါတယ်။

ဦးဟိန်းမင်းကတော့ သူပါဝင်ရိုက်ကူးထားတဲ့ ချည်ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးကြမ်းကြတဲ့အပေါ် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူပြောခဲ့တာကတော့ “ချည်”ရုပ်ရှင်ကားကြီးကို ရုံပြည့်ရုံလျံ အားပေးကျတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်…လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ ကနေ ရေးသားခဲ့ပါတယ်။

ချည်ကို ကြည့်ပြီးနောက် ဦးဟိန်းမင်းကို အကယ်ဒမီရစေချင်တဲ့သူရှိလား? မကြည့်ရသေးတဲ့သူတွေ ခေတ်နောက်မကျရအောင် ” ချည် ” လိုက်ကြအုံးနော် ။

Snow (mcc)

(Visited 2479 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ