Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒါရိုက်တာ မိုက်တီးရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြခဲ့တဲ့ ညီမဖြစ်သူ ချစ်ချစ်ဇော်

ဒါရိုက်တာမိုက်တီးဟာ မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးအရေးယူခံထားရပြီး သူ့မှာ အူမကြီးကင်ဆာ ရောဂါ ခံစားနေရတာကြောင့် ဆေးကုသဖို့အတွက် အချုပ်မှ လွှတ်ပေးခဲ့ပါတယ်။ အဆိုပါရောဂါကြောင့် ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုအောင်မြင်ခဲ့ကာ လက်ရှိမှာတော့ ကင်ဆာရောဂါကို ဆေးရုံမှာ နေပြီး ကုသနေရတယ် လို့ သိရပါတယ်။

“ လက်ရှိ ဒါရိုက်တာမိုက်တီးရဲ့ အခြေအနေကိုလဲ သူမက “သူ့ကိုခွဲစိတ်ပေးတဲ့ဆရာကြီးကိုယ်တိုင်ကပြောတယ်။ခွဲစိတ်တာ အောင်မြင်တယ်တဲ့။ ဆက်ပြီးတော့ ဆေးသွင်းတာလည်း ဆရာကြီးပဲတာဝန်ယူတာ။ ဆရာကြီးက ခွဲစိတ်ရော ကင်ဆာရော နှစ်ခုလုံးကိုင်တာလေ။ ကင်ဆာဆေးကိုသူအခုဆက်သွင်းနေတယ်။ ခြောက်ကြိမ်သွင်းရတယ်။ အနည်းဆုံးပေါ့။ ခြောက်ကြိမ်မှာပြန်စစ်မယ်ပေါ့နော်။ တစ်ကြိမ်ပြီးတစ်ကြိမ်တော့စစ်တယ်။ ခြောက်ကြိမ်က course အကုန်ပေါ့နော်”

“ မသက်သာရင်ဆက်သွင်းမယ်။ သက်သာရင် ခြောက်ကြိမ်မှာပြတ်မယ်ပေါ့နော်။ ဒါပေမယ့် အဲဒါက လူနာပေါ်မှာ မူတည်တယ်။ လူနာက ပျော်ရွှင်နေဖု့ိလိုတယ်တဲ့။ သူ့ကိုကြည့်လိုက်ရင် သူက မျက်နှာကြီးက အမြဲတမ်း မှိုင်နေတယ်။ ခင်ဗျားကိုကြည့်ရတာအားမရဘူးလို့ အမြဲပြောတယ်။ ဆရာကြီးသြဝါဒလည်းပါလိမ့်မယ်။ လူနာတွေက ဆေးရုံမှာပျော်ပျော်ရွှင်ရွှင်နေကြတယ်။သူက စိတ်မပျော်ဘူး။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းမှိုင်နေလို့။ အဲလိုကြီးမလုပ်နဲ့လေ။ ဘေးကလုပ်ပေးတဲ့လူကလုပ်ပေးတယ်။ ခွဲစိတ်မှုဆိုရင်လည်း ဆရာကြီးကိုယ်တိုင်က လုပ်ပေးတယ်။ ဒါပေမယ့်ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ သူက အမှုကြီးနဲ့လေ” ဆိုကာ ဆေးကုသနေပေမယ့် အမှုကိစ္စကလဲ ခေါင်းထဲ ဝင်နေတယ် လို့ ဆိုပါတယ်။

ခွဲစိတ်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလဲ သူမက “ ရင်ဘတ်မှာခွဲလိုက်ရတာ။ ရှစ်လက်မလောက်ရှိတယ်။ အနာက မကျက်ဘူး။ သားငံရည်ထွက်တဲ့အခါ ဒါကြီးကို အစကနေအဆုံးထိတစ်ခေါက်ပြန်ခွဲရတယ်။ တစ်နေ့ကို Dressing နှစ်ခါလောက်လုပ်ရတယ်။ ကိုယ်က သနားလွန်းလို့သူ့ခြေထောက်ကို အဲ့လိုမျိုးဆုပ်ဆုပ်ထားပြီးအားပေးတယ်။ အားပေးရင်းနဲ့ မျက်လုံးက သွားပြီးအဲဒီကိုကြည့်မိရင် ကြည့်မိတဲ့ နေ့က တစ်နေ့လုံးရူးသွားတဲ့နေ့ပဲ။ ငိုလိုက်ရယ်လိုက်နဲ့ ကြောက်တာလေ။ တစ်ခါမှမမြင်ဖူးတာကြီးကို”

“ သူ အဲဒါကို တစ်ပတ်လောက် Dressing လုပ်လိုက်ရတယ် ။ သူကအနာမကျက်တာ ကင်ဆာဆေးတွေသွင်းနေရလို့ ဆေးသွင်းရင် အနာရင်းတတ်တယ်လို့လည်းပြောတယ်။ သူက လွပ်လပ်နေတဲ့သူမှ မဟုတ်တာ။ သူကအမှုနဲ့ဆိုတော့ ဘယ်လိုလုပ်စိတ်ကိုလွှတ်ပြီးတော့ထားလို့ရမလဲ။ ကင်ဆာက စိတ်ညစ်လို့မရဘူး။ ကင်ဆာဆဲလ်တွေက စိတ်ညစ်တာတို့ ဒေါသထွက်တာတို့ဆိုပွားတယ်။ စိတ်ညစ်တာတွေဒေါသထွက်တာ တွေဖြစ်လို့မရဘူး” ဆိုကာ အကိုဖြစ်သူရဲ့ ခံစားနေရတဲ့ဝေဒနာရဲ့ အကြောင်းအရာတွေကို အသေးစိတ် ပြောပြသွားခဲ့ပါတယ်။

ဒါရိုက်တာ မိုက်တီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သိချင်နေကြတဲ့ ပရိသတ်ကြီးအတွက် သူ့ရဲ့အခြေအနေ တစ်ချို့ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကလဲ မိုက်တီးအတွက် အမြန်ဆုံး သက်သာ စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်။

Snowpiki(MCC)

(Visited 889 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ