Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကား ကို သွားရောက်အားပေးခဲ့တဲ့ ခီမောင်နှံ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသား ဇဏ်ခီနဲ့ ဒါရိုက်တာခရစ်စတီးနားခီတို့ ဇနီးမောင်နှံဟာ စိတ်သဘောထား ပြည့်ဝသလို အနုပညာနဲ့ ပတ်သက်ပြီး အရမ်းရူးသွပ်ကြသူတွေလဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကား ကြီးကို စတင်ပြသတဲ့နေ့မှာဘဲ သွားရောက်အားပေးခဲ့ပါတယ်။ ဒါ့အပြင် မီမောင်နှံလို့ တင်စားကြတဲ့ ပိုင်ဖြိုးသုတို့ စုံတွဲကလဲ သွားရောက်ကြည့်ရှု့ဖို့ စီစဉ်နေကြပြီး အဲ့လို အားပေးမှုတွေ ကိုလဲ ဒဏ္ဍာရီမိုးအဖွဲ့သားများ က ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကား ကြီးရဲ့ ပေ့ချ်မှာ ရေးသားထားတာကတော့ “ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားဟာ ရုံစတင်တဲ့နေမှာပဲ ပရိသတ်များ ရဲ့ Review ကောင်းများကို ပိုင်ဆိုင်ထားသလို အနုပညာရှင်များပါ အားပေးဝန်းရံခြင်းကို ခံခဲ့ရပါတယ်။ အားပေးကြည့်ရှု ပေးကြပါသော ခီမောင်နှံ၊ မီမောင်နှံ နှင့် ချစ်ပရိတ်သတ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် ။ ပရိသတ်များအတွက် အစွမ်းကုန်ကြိုးစားရိုက်ကူး တင်ဆက်ထားတဲ့ ဒဏ္ဍာရီမိုးဇာတ်ကားလေးကို ဆက်ဆက်လာကြည့်ဖြစ်အောင် ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ????” ဆိုပြီး ရေးသားခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးဟာ ပိုစတာတွေ ထွက်ရှိခဲ့တဲ့ အချိန်ထဲက ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့ပြီး အထူးပွဲပြသပြီးချိန်မှာ တော့ ဝန်းရံသူတွေပိုမိုများပြားလာခဲ့ပါတယ်။ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး ကို ရဲတိုက်၊ ရွှေထူး၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ရဲတိုက် ရဲ့ သရုပ်ဆောင်မှုတွေကတော့ လုံးဝကို အံ့မခန်းပါဘဲ။ ပရိသတ်ကြီးရော ကြည့်ပြီးကြပြီလား ၊ Review လေးလဲ ရေးပေးခဲ့ကြပါဦးနော်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အပေါင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး’s fbpage

(Visited 1046 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ