Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ထူးအိမ်သင် ကွယ်လွန်ခဲ့တာ ဟာ ၁၅နှစ်တိတိပြည့်ခဲ့ပါပြီ

ယနေ့အချိန်ထိ ထူးအိမ်သင် ဆိုတာ သက်ရှိထင်ရှားမရှိတော့ပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့သံစဉ်တွေနဲ့ စီးမျောနေတုန်းပါဘဲ။ သူ့ရဲ့သီချင်းတွေကလဲ ခေတ်အဆက်ဆက်မရိုးရအောင် အရမ်းကို နားထောင်လို့ကောင်းတဲ့ သံစဉ်တွေစားသားတွေပါ။ သူ့သီချင်းတွေကို လူကြီး လူငယ်မရွေးကြိုက်နှစ်သက်နေကြဆဲဘဲ ဖြစ်ပါတယ်။

ထူးအိမ်သင်ဟာ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ပထမဆုံး တေးစီးရီး ဖြစ်တဲ့ “နာရီပေါ်မှမျက်ရည်စက်များ” တေးစီးရီးကို စတင်သီဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

သူထွက်ရှိခဲ့တဲ့ တေးစီးရီးတွေကတော့ “နာရီပေါ်မှ မျက်ရည်စက်များ”၊ “မှော်ဆရာအိပ်မက်”၊ “သက်ငြိမ်”၊ “အတ္တပုံဆောင်ခဲများ”၊ “အကြင်နာ အိပ်မက်”၊ “အရင်အတိုင်း”၊ “စကားလုံးမရှိတဲ့ ကောင်းကင်”၊ “ထူးအိမ်သင် (Unplugged Live)” ၊ “မြို့ပြလရောင် တမ်းခြင်း”၊ “အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့” “အစိမ်းရောင် ရက်စွဲများ”၊ “တစ်နေ့စာ အလွဲများ”၊ “ချစ်ခြင်းအားဖြင့်” စတဲ့ တေးစီးရီးတွေ ဘဲ ဖြစ်ပါတယ်။

သူဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့ အသက် (၄၁)နှစ်မှာ ကွယ်လွန်ခဲ့ပြီး ဇနီးဖြစ်သူ သွယ်သွယ်ထွေးနှင့် သမီး ဖြစ်သူ မိကွန်ထော တို့ကို ကျန်ရှိခဲ့ပါတယ်။ သူဟာ ယခု အချိန်မှာဆိုရင် (၁၅) နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပြီး ယနေ့အချိန်အထိ ပရိသတ်တွေကြားထဲမှာရော အနုပညာရှင်တွေကြားထဲမှာပါ မမေ့ပျောက်သေးတဲ့ စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။

ထူးအိမ်သင်ကို သတိရတဲ့ သူတွေအနေနဲ့ သူ့ရဲ့ သီချင်းတွေထဲမှာ ကြိုက် နှစ်သက်တဲ့ သီချင်းတွေကို ရေးသားပေးခဲ့ကြပါနော် ။

ကြည့်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Myanmar Cele Crazy

(Visited 174 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ