Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ထီဆုကြီး တွေ ဝေဝေဆာဆာပေါက် ခဲ့တဲ့ လွင်မိုး

ပရိသတ်တွေအရမ်းချစ်ကြတဲ့ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်လွင်မိုးဟာ ယခုအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေရင်း ချစ်တဲ့ မြေးလေးနဲ့ အတူ ရုပ်ရှင်ကားတစ်ချို့လဲ ပြန်လည်ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ ဘုရားတည် ကျောင်းဆောက် ပရဟိအလုပ်တွေကိုလဲ ကြိုးစားလုပ်ကိုင်ရင်း အဲ့ဒီကုသိုလ်ထူးတွေကြောင့် စက်တင်ဘာလ ၁ရက်နေ့က ထွက်ရှိလာတဲ့ (၇) ကြိမ်မြောက် အောင်ဘာလေ ထီဆု၄ဆု ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဦးလွင်မိုးထိုးခဲ့တဲ့ ထီးအုပ်ထဲကနေ ကျပ် တစ်သိန်း တစ်ဆု ၊ ကျပ် ၅ သောင်းဆု ၃ဆု စုစုပေါင်း ကျပ် နှစ်သိန်းခွဲ ဆုကို ဆွတ်ခူးရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ထီပေါက်တယ် ဆိုတဲ့အကြောင်းကို ‘’ဒီတစ်ခါတော့ နှစ်သိန်းခွဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ထီလက်မှတ်ပုံတွေနဲ့ အတူ ရေးသား ဖော်ပြခဲ့ပါတယ်။

လွင်မိုးဟာ တစ်ချိန်ကဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး (၁၉၉၉) ခုနှစ်က ” ရင်ထဲက ဆောင်းရာသီ” ရုပ်ရှင်ဇာတ်ကား၊ (၂၀၀၁) ခုနှစ်မှာတော့ ” ပန်းတစ်ပွင့် ဖန်ဆင်းခြင်း ” ရုပ်ရှင်ဇာတ်ကား၊ (၂၀၀၄) ခုနှစ်မှာတော့ “တစ်ခါက ဧရာဝတီညများ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သူလဲဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို ဦးလွင်မိုးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ရေးသားဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Sourec – lwin moe’sfb

(Visited 1994 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ