Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Kanebo ပွဲကို တက်ရောက်ခဲ့တဲ့ ဝတ်မှုံရွှေရည် နဲ့ ​​နေခြည်ဦး

ပရိသတ်တွေရဲ့အချစ်တော် နှစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင် နေခြည်ဦးတို့ဟာ လက်ရှိ မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ Peninsula Bangkok hotel မှာ ပြုလုပ်တဲ့ Kanebo ရဲ့ The Exceptional global launching event ပွဲအတွက် ရောက်ရှိနေပြီး new product launching event မှာ အာရှနိုင်ငံအစုံက representative တွေနဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ ရန်သူရုပ်ရှင်ဇာတ်ကားမှာ ဆုံတွေ့ခဲ့ကြဖူးပြီး မြန်မာနိုင်ငံ က ပရိသတ်အများစုရဲ့ အားပေးခြင်းကိုခံရတဲ့ အနုပညာရှင်နှစ်ဦးလို့ဆိုရမှာပါ။

Kanebo ပွဲကိုအဖြူရောင်လေးနဲ့ တက်ရောက်ခဲ့တဲ့ ဝတ်မှုံရွှေရည်က ” Elegant is my kinda makeup I was born with. ကစ်ကိုချစ်တဲ့သူတွေထဲမှာ အဖြူရောင်ကြိုက်တဲ့သူတွေ ရှိလားဗျို့။ မဆိုးဘူးနော်၊ ဒီကောင်မလေးက ချစ်ဖို့ကောင်းသား !!!👌🏻😘 ” လို့ဆိုပြီး သူမရဲ့အလှပုံလေးတွေနဲ့ အတူ ရေးသားဖော်ပြခဲ့ပါတယ်။

​နေခြည်ဦးကတော့ ” နေခြည့်ရဲ့ နေထိုင်မှုပုံစံမှာ ဝတ်စားဆင်ယင်မှုက အခမ်းနားဆုံး အစိတ်အပိုင်းတစ်ခုလိုပါဘဲ။ Good fashion is evolution, not revolution. Pierre Balmain xx ” လို့ဆိုပြီး သူမရဲ့ ပုံတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Snow (mcc)

(Visited 4275 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ