Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ထိုင်းနိုင်ငံကပြန်လာတဲ့ လူအုပ်ကြီးထဲက တစ်ယောက်မှာရောဂါပိုးတွေ့တာကြောင့် ဂရုစိုက်ကြပါလို့ဆိုတဲ့ ဘန်နီဖြိုး

ကမ္ဘာတစ်ဝှမ်းမှာ ပြည်သူအများ စိုးရိမ်နေကြပြီး ကူးစက်ပျံ့နှံ့မှု ပြင်းထန်နေတဲ့ covid – 19 ဟာ ယခုဆိုရင် မြန်မာနိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ covid – 19 စတင်ရောက်ရှိလာတာဟာ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေမှာ ကူးစက်ခံထားရတာဖြစ်ပါတယ်။

ယခုဆိုရင် ရောဂါပိုးတွေ့ရှိသူ ၁၄ ဦးခန့်ရှိနေပြီဖြစ်ပြီး ၉ယောက်မြောက်တွေ့ရှိခဲ့သူကြောင့် အားလုံးက ပိုပြီး ထိတ်လန့်နေကြပါတယ်။ ၉ယောက်မြောက်တွေ့ရှိသူဟာ ထိုင်းနိုင်ငံမှ မြဝတီမြို့ကိုဖြတ်ကျော်ကာ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အဆိုပါ ရောဂါပိုးတွေ့ရှိသူတွေ နဲ့ပတ်သက်ပြီး ဘန်နီဖြိုးက ယခုလိုဘဲ သတိပေးလာပါတယ်။

သူပြောလာခဲ့ တာကတော့ ” ဒီနေ့ထပ်တွေ့တဲ့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Case 09 ဟာ တစ်နေ့က social media ပေါ်မှာ ဓါတ်ပုံတွေတက်လာတဲ့ ထိုင်းနိုင်ငံဘက်ကပြန်လာတဲ့ လူအုပ်ကြီးထဲကတစ်ယောက်ဖြစ်ပါတယ်။ ဒီပိုးဟာ အဲ့ဒီလူအုပ်ကြီးထဲက ဘယ်သူတွေဘယ်နှစ်ယောက်မှာ ရှိနေမလဲ သူတို့ကရောအခုဘယ်နေရာတွေမှာ လူဘယ်နှစ်ယောက်နဲ့တွေ့ဆုံပြီးလဲကျွန်တော်တို့မသိနိုင်ပါဘူး ဘယ်လောက်အန္တရာယ်များမလဲစဉ်းစားကြည့်ပါခင်ဗျာ သတိအင်မတန်ထားရပါတော့မယ်”

” ပြည်တော်ပြန်လာကြတဲ့မိတ်ဆွေများကလည်း ဒါဟာမိမိတစ်ယောက်တည်းအရေးမဟုတ်တော့တဲ့အတွက်ကြောင့် home quarantine (သို့) လိုအပ်လျှင် facility quarantine ပြုလုပ်ပေးပါ။ Quarantine လုပ်ရလို့ ဒုက္ခမရောက္ပါဘူး မသေပါဘူး၊ Quarantine မလုပ်မှသာ ဒုက္ခရောက္မှာပါ ၊ နောက်ကျသွားခဲ့ရင်သေဆုံးတဲ့အဆင့်ထိရောက္မှာပါ။ အခုချိန်မှာ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိနေသေးတဲ့အချိန်ဖြစ်ပါတယ်။ အားလုံးအင်မတန် ဂရုစိုက်ရတော့မှာပါ😞” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်တွေအားလုံး လဲ ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ လက်ဆေးဖို့ မမေ့ကြပါနဲ့နော်။ လူထူထပ်တဲ့နေရာ တွေကို အကြောင်းမရှိဘဲ သွားလာခြင်းမလုပ်ကြဖို့ကိုလဲ ထပ်မံသတိပေးခြင်ပါတယ်။

Snow(mcc)
Source – bunny phyo’sfb

(Visited 473 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ