Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တောင်ပြိုပြီး မြေစာခဲအောက်ကို လူတွေများစွာ ပါသွားကြောင်း ပြောလာတဲ့ ဝေဠုကျော်

ပရဟိတမင်းသားကြီး ဝေဠုကျော်ဟာ ယခုလိုရာသီမှာဆိုရင်သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ လူတွေရဲ့ အခက်အခဲတွေ သောကတွေကို အတက်နိုင်ဆုံး ကူညီပေးလေ့ရှိပါတယ်။ ယခုလက်တလောမှာတော့ လွန်ခဲ့တဲ့ ၂ရက်လောက်က မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီးရေလျံမှုတွေ တောင်ပြိုမှုတွေ ဖြစ်ပွားပြီး လူအသေပျောက်တွေ ရှိခဲ့တယ်လို့လဲသိရပါတယ်။

ဝေဠုကျော် ဖောင်ဒေးရှင်းကလဲ အဆိုပါ ရေကြီး ရေလျှံတဲ့ နေရာတွေကယ်ဆည်ရေးတွေ သွားရောက်လုပ်ကိုင်နေပြီး လက်တစ်လောမှာတော့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြိုကျတဲ့ နေရာကို ရောက်ရှိနေခဲ့ပြီး အဆိုပါ တောင်ပြိုမှုကြောင့် သေဆုံးသွားသူ လူ၂၀ကျော်ကို ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေလဲရှိတာကြောင့် ဆက်လက်ရှာဖွေနေရဆဲဖြစ်တယ်လို့ လဲ ဝေဠုကျော်က ရေးသားဖော်ပြထားခဲ့ပါတယ်။

သူရေးသားခဲ့တာကတော့ တကယ့်ကို ဝမ်းနည်းစရာပါ ” သေဆုံးသူ ၂၀ ကျော်တွေ့ရှိထားပြီး ဆက်လက် ရှာဖွေနေဆဲ တောင်ပြိုကျ၍ ကားများအိမ်များ မြေအောက်ရောက်သွားသော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ တွင် နိင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ WLK ဝေဠုကျော်အဖွဲ့သားများမှ ရှာဖွေကယ်ဆယ်ရေးများကို ဝိုင်းဝန်းကူညီ ပေးနေပါတယ်”

”တကယ့်ကို မထင်မှတ်စရာ သဘာဝဘေးဆိုးကြီးပါ အိမ် ၁၇ လုံးနှင့် ကားများတောင်ပြိုမြေစာခဲများအောက် ရောက်သွားတာပါ။ကားနှင့် အိမ်များထဲမှာ လူများစွာပါသွားပါတယ်။ လက်ရှိ ယနေ့ တူးဖော်မှုမှာတော့ သုံးဘီးဆိုင်ကယ်ဘေးတွဲနှင့် ပိတ်မိနေသော အသက်သေဆုံးနေပြီဖြစ် သည့် ကလေးအလောင်းကို ဆွဲထုတ်နိင်ရန် ကယ်ဆယ်ရေးများက တူးဖော်နေတာပါ ” လို့ ဆိုပြီးလဲ ရေးသားဖော်ပြခဲ့ပါတယ်။

ခုလိုဘေးအန္တရာယ်နဲ့ကြုံနေရတဲ့ အသက်ရှိကျန်တဲ့သူတွေလဲ ဘေးကင်းလုံခြုံကြပါစေ။ သေဆုံးသူတွေလဲ ကောင်ူတဲ့ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ကြည့်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိကာပါတယ်နော်။

Source – ဝေဠုကျော်ဖောင်ဒေးရှင်

(Visited 500 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ